Thursday, January 28, 2016

နောက်ဆုံးရအားကစားသတင်းများ

အာဆင် နယ် အသင်းဟာ လက် စတာ ကစားသမား ဘန် ချီဝဲ အတွက် ပြောင်း ရွှေ့ကြေးတိုးမြင့်ကမ်းလှမ်း ခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင် နာပိုလီ အသင်းက ငြင်းပယ် ချခဲ့တဲ့ ကစားသမား ဂျော် ဂျင် ဟို ကိုလည်း လာမယ့် နွေရာသီမှာ ထပ် မံကမ်းလှမ်းသွားဦးမယ် လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းမှာ နေရာပျောက် ဆုံးနေတဲ့ နောက် ခံလူ ကာဟေး ဟာ ယူရို ၂၀၁၆ မှာ ပါဝင် ခွင့် သေချာ စေဖို့ အသင်းပြောင်းရွှေ့လိုတယ် လို့ သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ်။ နည်းပြ သစ် ဟစ် ဒင့် ကိုင် တွယ် ပြီး ကတည်းက ၂ ပွဲသာ ကစားခဲ့ရတဲ့ ကာဟေး ရဲ့ အသင်းပြောင်းရွှေ့လိုမှု ဟာ ဘို တန် ဒဏ် ရာရရှိသွားတာ ကြောင့် အ ပြောင်းရွှေ့ဈေးကွက် အတွင်း ၀င် ရောက် လာခဲ့တဲ့ ဘိုင် ယန် မြုးနစ် အသင်းအတွက် စိတ် ၀င် စားဖွယ် ဖြစ် လာနိုင် ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ် လူ ရာမီရက် ဟာ ဂျန်ဆူးဆန်းနင်း အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ်။ အ ပြောင်း အ ရွှေ့အတွက် ချဲလ်ဆီးအသင်းဟာ ပေါင် ၂၁ သန်းခန့် ရရှိခဲ့တယ် လို့ သိရပါတယ်။ ရာမီရက် ဟာ တရုတ် စူပါလိဂ် အသင်းနဲ့ ၅ နှစ် ခွဲစာချုပ် ချုပ် ဆိုမယ် လို့ သိရပါတယ်။
ဝက်ဖိုဒ့် အသင်းကစားသမား ဖက် ဘီယာနီ ဟာ ဘာမင် ဂမ် အသင်းထံ ပေါင် ၁.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ ပြီဖြစ် ပါတယ်။
လက် စတာ စီးတီးအသင်းဟာ ဆမ့်ဒိုးရီးယားတိုက် စစ် မှုး အီဒါ အတွက် ပြောင်း ရွှေ့ကြေးကို ပေါင် ၁၀ သန်း အထိ တိုးမြင့်ကမ်းလှမ်းခဲ့ပေမယ့် ဆမ့်ဒိုးရီးယားအသင်းက အင် တာမီလန် ထံ ရောင်းချဖို့ အ လေးသာနေတယ် လို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ဆွမ်းဆိ တောင် ပံကစားသမား အယူးအတွက် ပေါင် ၁၀ သန်း + ဘိုရီနီ အလိုက် ပေး နဲ့ ကမ်းလှမ်းခဲ့တယ် လို့ သိရပါတယ်။
အဲဗာတန် ဂိုးသမား ဟောင်းဝပ် ဟာ အ မေရိကကလပ် ကော်လိုရာဒို အသင်းနဲ့ ဆွေးနွေးနေပြီး ပြောင်းရွှေ့ဖြစ် ဖို့ နီးစပ် နေတယ် လို့လည်း သိရှိရပါတယ်။
အေစီမီလန် အသင်းရဲ့ ဂန္တ၀င် ကစားသမား ကာကာ က မီလန် ကို ပြန် လည် ခြေချလိုသေးကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပြီး သူ့အတွက် အေစီမီလန် က အမြဲတံခါးဖွင့်ထားပါတယ် လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
နာပိုလီ အသင်းရဲ့ အသစ် ခေါ်ယူထားခဲ့တဲ့ ကစားသမား ဂရက် ဆီ ဟာ အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီစဉ် မှာ ဒဏ် ရာရရှိခဲ့တယ် လို့သိရပါတယ်။
အင် တာမီလန် အသင်းကွင်းလယ် လူ ဂွာရင် ဟာ ရှန် ဟိုင်းရှင် ဟွာ အသင်းထံ ပြောင်းရွှေ့ဖို့ သ ဘောတူညီ ခဲ့ပြီးဖြစ် ကြောင်း ၂ သင်းစလုံးက တရားဝင် ထုတ် ပြန် ကြေငြာသွားခဲ့ပါတယ်။
နာပိုလီ အသင်းဟာ ပီးခဲ့တဲ့ နွေရာသီက ဒီဘားလား ကို ကမ်းလှမ်းခဲ့ဖူးကြောင်း နာပိုလီ အသင်းဥက္ကဌ ဇမ် ပါရီနီ က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ် ။ နာပိုလီ အသင်းက ယူရို ၂၅ သန်း + ဂျော် ဂျင် ဟို နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဒီဘားလား ရဲ့ အေးဂျင့်ဖြစ် သူက ဂျုဗင် တပ် အသင်းနဲ့ သ ဘောတူညီမှု ရရှိခဲ့ပြီးဖြစ် တယ် လို့ ဇမ် ပါရီနီ က ပြောဆိုသွားခဲ့ပါတယ်။ ဒီဘားလား ဟာ ပါလာမို အသင်းက နေ ဂျုဗင် တပ် အသင်းထံ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ် ပါတယ်။
Credit – sport

No comments:

Post a Comment