Thursday, January 7, 2016

မြန်မာ့လက်ရွေးစင်အသင်းအတွက်ဂျာမနီကြံ့ခိုင်ဆရးနည်းပြခန့်အပ်မည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ဂျာမနီနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ တစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်း၌ လစ်လပ်နေသည့် ကြံ့ခိုင်ရေးနည်းပြကို နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၏ အကူအညီဖြင့် ရှာဖွေနေပြီး စင်ကာပူအသင်းနှင့် ခြေစမ်းပွဲ မတိုင်မီ ခန့်အပ် တာဝန်ပေးမည်ဟု အဖွဲ့ချုပ်တွဲဖက်အထွေထွေအ တွင်းရေးမှူး ဦးကိုကိုသိန်းကပြော သည်။
‘‘လက်ရွေးစင်အသင်း ကြံ့ခိုင်ရေးနည်းပြ  သေချာပေါက် ခန့်အပ်ဖြစ်မှာပါ။  ဂတ်ဖရိုင်းရဲ့အကူအညီနဲ့ပဲ ကြိုးပမ်းနေတာ ဖြစ်ပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အမျိုးသား အသင်း၏ ကြံ့ခိုင်ရေးနည်းပြ အပြင် အမျိုးသမီးလက်ရွေးစင်အသင်း၏ နည်းပြချုပ်ကို ဇန်န၀ါရီ လအတွင်း ခန့်အပ်နိုင်ရန် ကြိုးပမ်းနေပြီး မူအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် မတ်လ ၂၉ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် လက်ဘနွန်အသင်းနှင့် အဝေးကွင်းသို့ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အဆိုပါပွဲမတိုင်မီ မတ်လ ၂၃ ရက်၌ စင်ကာပူအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။ လက်ရှိတွင်မူ မြန်မာ့လက်ရွေးစင်အသင်းကို ဖွဲ့စည်းရခြင်း မရှိသေးပေ။
၂၀၁၆ အတွင်း မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမျိုးသမီးအသင်းက ဇွန်လအတွင်း မန္တလေးမြို့၌ ကျင်းပ မည့် အာဆီယံအမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Credit – 7day daily

No comments:

Post a Comment