ချဲလ်ဆီး နည်းပြ ဟစ်ဒင့် က အသင်းရဲ့ တိုက်စစ်မှုး ဖယ်လ်ကာအို ဟာ နောက်ဆုံး ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ၂ လ ခန့် အနားယူရ တော့မယ်လို့ ပြောဆို သွားခဲ့ပါတယ်။
ယခုနှစ် ဘောလုံးရာသီဟာ ဖယ်လ်ကာအို ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ရာသီဖြစ်ပေမယ့် ဒဏ်ရာမကြာခဏ ရရှိမှုနဲ့ ခြေစွမ်းကျဆင်း မှုတွေကြောင့် ချဲလ်ဆီးအသင်းက အငှားစာချုပ်ကို ဖျက်သိမ်းခဲ့သလို မိခင် မိုနာကို ကလပ်အသင်းကလည်း လက်ခံလိုစိတ် မရှိတော့တာကြောင့် မေဂျာလိဂ် ကို ပြောင်းရွှေ့ဖို့ ပြင် ဆင် နေသူဖြစ်ပါတယ်။
ချဲလ်ဆီး နည်းပြ ဟစ်ဒင့် က “သူ့ရဲ့ ဒဏ်ရာအ ခြေ အ နေ က ပြင်းထန်ပါတယ်။ အခု ဇန်န၀ါရီလ အလယ်လောက်က နေ အနည်းဆုံး ၈ ပတ် လောက် အထိ ကြာသွားမယ်လို့ ထင် ပါတယ်။ သူ့အတွက် တကယ်ကံဆိုးတဲ့ ရာသီပါ။ ဒီလို ဒဏ်ရာအ ခြေ အ နေ က နေ ပြန်လာပြီး ခြေစွမ်းပြနိုင် ဖို့ သူဘယ်လောက်အားခဲထားသလဲဆိုတာ ကျွန်တော် သိပါတယ်။ သူ့လို ဥရောပတလွှားမှာ ခြေစွမ်းပြ ဂိုးတွေသွင်း ယူနိုင် ခဲ့ပြီး အသက်အရွယ် ကောင်းနေစဉ်မှာ ဒဏ်ရာတွေမကြာခဏရရှိတက်တဲ့ဘောလုံးကြယ်ပွင့် တွေကို ကျွန်တော် မြင် တွေ့ခဲ့ဖူးပါ တယ်။ ဒီလို ဒဏ်ရာပြဿနာဟာ ကစားသမားတွေ ရဲ့ ဘ၀တွေကို စောစီးစွာ အဆုံးသတ်သွားနိုင်တဲ့အရာတွေပါ”လို့ပြောဆိုသွားခဲ့ပါတယ်။ တချိန်က ကမ္ဘာ့အ ကောင်းဆုံး အဆုံးသတ် တိုက်စစ်မှုးတစ်ဦးဖြစ်ခဲ့ပြီး ရောက် လေ ရာအသင်းတိုင်းရဲ့ ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ဖယ်လ်ကာအို ဟာ ပရီးမီးယားလိဂ် ကို စတင် ရောက်ရှိ လာကတည်းက ခြေစွမ်းတွေ ပျောက်ဆုံးသွားခဲ့ပြီး ပထမရာသီ မန်ယူ အသင်း နဲ့ သာမက လက်ရှိ ချဲလ်ဆီးနဲ့ ဒုတိယ ရာသီမှာပါ ယုံကြည်မှု ၊ လျင် မြန် ဖျတ်လတ်မှု ၊ အဆုံးသတ်သေချာမှု အရည်အ သွေးတွေ ပျောက်ဆုံး နေခဲ့တာကို တွေ့ကြရမှာပါ။ ဒီလိုသာ ဆက်လက် ဖြစ်နေဦးမယ်ဆိုရင် တော့ ဖယ်လ်ကာအို ရဲ့ ကစားသမား ဘ၀ အနာဂါတ်ဟာ ဥရောပပြင် ပ က ကလပ်အသင်းတွေထံမှာသာ ကျင် လည် သွားရနိုင် ပြီး ကမ္ဘာ့ အ ကောင်းဆုံး ကစားသမားတဦးရဲ့ နေ၀င် ချိန်ကို မြန်မြန်ဆန်ဆန် ကြုံတွေ့သွားရနိုင် ပါတယ်။
Credit – sport
Monday, January 18, 2016
ကစားသမားဘဝအဆုံးသတ်ပြီလားဖယ်လ်ကာအို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment