Thursday, January 7, 2016

ဂါးရက်ဘေးလ်ကိုခေါ်ယူဖို့မန်ယူပေါင်သန်း၁၅၀ လောက်အသုံးပြုရန်လို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲယ်မက်ဒ၇စ်အသင်းကြယ်ပွင့်ကစားသမား ဖြစ်တဲ့ဂါရက်ဘေးကိုပရီးမီယားလိဂ်ပြိုင်ပွဲဆီအရောက်ပြန်လည်ခေါ်ယူနိုင်ဖို့အတွက်ဆိုရင်ပေါင်သန်း၁၅၀လောက်အထိအသုံးပြုရနိုင်ခြေရှိနေပါတယ်။ The Times သတင်းစာ ကလည်းမန်ယူအသင်းဟာဂါရက်ဘေးကိုလာမည့်နွေရာသီမှာခေါ်ယူဖို့အတွက်ဆိုရင်ပေါင်သန်း၁၅၀လောက်အထိပေးရဖွယ်ရှိနေတယ်လို့ဖော်ပြထားပါတယ်။ အဆိုပါဝေးလ်လက်ေ၇ွးစင်ကစားသမားဟာမနေ့ညကနည်းပြဖြစ်သူရာဖေးဘင်နီတက်အထုတ်ပယ်ခံရပြီးနောက်သူနဲ့ရီးရဲယ်မက်ဒရစ်အသင်းအနာဂတ်အတွက်ပြန်လည်သုံးသပ်လျက်ရှိနေပါတယ်။ ဘင်နီတက်အထုတ်ပယ်မခံရမီရက်ပိုင်းတုန်းကဂါရက်ဘေးဟာအသင်းဥက္ကဋ္ဌဖြစ်သူဖလော်ရင်တီနိုပီရက်အား သူဟာလီဗာပူးအသင်းနဲ့ချဲလ်ဆီးအသင်းနည်းပြဟောင်းဖြစ်သူ ဘင်နီတက်နဲ့လက်တွဲရတာသူ့အတွက်အလွန်ကောင်းမွန်ပြီး သူရဲ့ အကောင်းဆုံးခြေ ကိုပြန်ရစေတယ်လို့ပြောခဲ့ပါသေးတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမည့်နွေရာသီမှာခေါ်ယူနိုင်ဖို့အတွက်ကစားသမားဆီကသဘောတူညီမှုကိုရရှိအောင်အချိန်ပေးကြိုးစားရဖွယ်ရှိနေပြီးရီးရဲယ်ဥက္ကဋ္ဌပီရက်ကတော့တစ်ပတ်လုပ်ခလစာပေါင်သုံးသိန်းထိပေးချေနေရတဲ့ဂါရက်ဘေးကိုရောင်းချဖို့ဆန္ဒမရှိဖြစ်နေပေမယ့်လည်းဈေးနှုန်းနဲ့ပက်သက်ပြီးမေးမြန်းလာမယ်ဆိုရင်ပေါင်သန်း၁၅၀လောက်အထိသတ်မှတ်လိုက်ဖွယ်ရှိနေပါတယ်။
Credit – sport

No comments:

Post a Comment