Wednesday, January 20, 2016

လူကာကူအားမန်ယူခေါ်ရန်စီစဉ်

လူကာကူအားကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပါင်(၆၅)သန်းဖြင့်ခေါ်ယူရန် မန်ယူစီစဉ်
မန်ယူအသင်းသည် အဲဗာတန်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးလူကာကူ ကိုပြိုင်ဘက်အသင်းများထက်လက်ဦးမှုရယူနိုင်ရန် ပြောင်းရွှေ့ကြေးများစွာဖြင့်ခေါ်ယူရန်စီစဉ်နေကြောင်း The Sun သတင်းစာ၏ဖော်ပြချက်အရသိရသည်။
ယခုနှစ်ရာသီအစတွင် ချယ်လ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၂၈)သန်းဖြင့်ပြောင်းရွှေ့ခဲ့သူလူကာကူ မှာအဲဗာတန်အသင်းအတွက်ယခုရာသီပြိုင်ပွဲစုံ (၂၄)ပွဲကစား (၁၉)ဂိုးသွင်းယူပေးထားပြီး အကောင်းဆုံးပုံစံပြသနေသူဖြစ်သည်။
အသက်(၂၂)နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးကိုခေါ်ယူရန် ချယ်လ်ဆီး၊ PSG၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးတို့ကလည်း ခေါ်ယူရန်စိတ်ဝင်စားနေရာ မန်ယူအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၆၅)သန်းအထိပေးကာလက်ဦးမှုရယူရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ မန်ယူအသင်းသည် ယခုနှစ်ရာသီကုန်တွင် လူကာကူအားခေါ်ယူနိုင်ရန်စီစဉ်နေသော်လည်း အဲဗာတန်အသင်းကမူ ၄င်းတို့၏တိုက်စစ်မှူးအားရောင်းချသွားရန်ဆန္ဒမရှိကြောင်းလည်းသိရသည်။
မန်ယူအသင်းသည် ယခုနှစ်ရာသီတွင် တိုက်စစ်ကစားသမားများဖြစ်သည့် မာရှယ်လ်နှင့် ဒီပိုင်းတို့အားပေါင်သန်း(၆၀)နီးပါးအသုံးပြုကာခေါ်ယူထားသော်လည်း အသင်း၏တိုက်စစ်မှာသွင်းဂိုးများအတွက်ရုန်းကန်နေရသောကြောင့် နည်းပြဗန်ဟားလ်မှာ တိုက်စစ်အားဖြည့်ရန်အတွက်အလိုရှိနေပြီး ယခုကဲ့သို့လူကာကူအားခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
Credit - eleven sport

No comments:

Post a Comment