တိုက်စစ်ပိုင်း ပြဿနာများကြောင့် မန်ချက်စတာ ယူနိုက်တက်သည် ဝီလ်ကိန်းကို အငှားချထားရာမှ ပြန်လည် ခေါ်ယူခဲ့ကြောင်း သိရသည်။
အသက်(၂၂)နှစ်အရွယ် အင်္ဂလန် လူငယ်တိုက်စစ်မှူးလေးသည် ချန်ပီယံရှစ် ကလပ်အတွက် (၂၂)ပွဲ ကစားကာ (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ ယူနိုက်တက်သည် ၎င်းကို တစ်ရာသီ အငှားချထားသော်လည်း ယခုအခါ ပြန်လည် ခေါ်ယူကာ ပထမအသင်းတွင် ထည့်သွင်း အသုံးပြုသွားရန် စီစဉ်လျက် ရှိသည်။ ကိန်းသည် အသက်(၂၁)နှစ်အောက် အသင်းနှင့်အတူ တော့တင်ဟမ် ဟော့စပါးကို ရင်ဆိုင်ကစားရာ၌ ယူနိုက်တက်အတွက် တစ်ကျော့ပြန် ပါဝင်လာသည်။ သို့သော်လည်း ၎င်းသည် ယခုရာသီ ပထမအသင်းအတွက် လုံးဝ ပါဝင်ကစားဖူးခြင်း မရှိသေးချေ။
(၂၀၁၀)ပြည့်နှစ်တွင် ယူနိုက်တက်၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီးနောက် နောက်ရာသီတွင် ဘလက်ဘန်း ရိုဗာနှင့် ပွဲစဉ်၌ ပထမအသင်းအတွက် ကစားခွင့် ရခဲ့သည်။ သို့သော်လည်း ထို့နောက်ပိုင်းတွင်မူ အသင်းအတွက် ကိုယ်စားပြုခွင့် မရတော့ချေ။ (၂၀၁၂-၁၃) ရာသီတွင်မူ ကိန်းသည် ဒူးဒဏ်ရာ ရရှိခဲ့ပြီး နာလန်ပြန်ထလာသည့်အခါ QPR၊ ရှက်ဖီးဝက်နက်စ်ဒေး အသင်းများသို့ အငှားထွက်ခွာခဲ့သည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် လူငယ်အသင်းမှာ အန်ဒရီရက်စ် ပီရဲရာကိုလည်း ပထမအသင်းတွင် ပိုမိုနေရာပေး အသုံးပြုရန် ဆန္ဒရှိနေကြောင်း သိရသည်။
အသက်(၂၀)အရွယ် ဘရာဇီးလ် ကစားသမားလေးသည် စက်တင်ဘာလအတွင်းက အစ်ဆွစ်ခ်ျနှင့် Capital Oneပွဲစဉ်တွင် ပွဲထွက်ကာ ဂိုးသွင်းနိုင်ခဲ့သော်လည်း ထို့နောက်ပိုင်း အသင်းအတွက် (၅)ပွဲသာ ကစားထားနိုင်ခဲ့သည်။ ပီရဲရာသည် စပါးအသက်(၂၁)နှစ်အောက် အသင်းနှင့် ပွဲစဉ်တွင် (၃-၁)ဖြင့် အနိုင်ရခဲ့ရာ၌ ယူနိုက်တက်အတွက် (၂)ဂိုး သွင်းယူပေးခဲ့သည်။
Credit- soccer myanamr
No comments:
Post a Comment