" ၂၀၁၆ ခုနှစ်ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ ညှိနှိုင်းပြီးပါပြီ။ တစ်ပတ်ကိုနှစ်ပွဲနှုန်းနဲ့ ပြသမှာပါ။ MRTV 4 အခပေးလိုင်းဖြစ်တဲ့ For Sport Channel ကနေ တိုက်ရိုက်လွှင့်မှာဖြစ်ပြီး ပွဲ Highlight တွေကိုတော့ For Sport အပြင် အခမဲ့ရုပ်သံလိုင်းဖြစ်တဲ့ Channel 7 မှာပါ ကြည့်ရှုနိုင်ပါတယ်" ဟု MNL COO ဦးစိုးမိုးကျော်က ပြောကြောင်း The Voice မှာ ဖော်ပြထားပါတယ်။
၂၀၁၆ ခုနှစ် ဘောလုံးရာသီ၏ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။ MRTV 4 နှင့် ဆက်စပ်ရုပ်သံလိုင်းများသည် ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဖမ်းယူကြည့်ရှုနိုင်နေပြီ ဖြစ်ကြောင်း သိရသည်။
Credit - Myanmar Football 12th Players
No comments:
Post a Comment