Tuesday, January 26, 2016

အိုဇေးလ်ကိုပထမဆုံးစဉ်းစားခွင့်ရမဲ့ရီးယဲလ်မက်ဒရစ်

ရီးရဲတောင် ပံကစားသမား ဘေးလ် ရဲ့ အ ပြောင်း အ ရွှေ့ ကိစ္စရပ် တွေကို ဖော် ထုတ်ပြသခဲ့တဲ့ website က နေ ရီးရဲအသင်းရဲ့ နောက် ထပ် လျှို့ဝှက် ချက် တခုကို ထပ် မံဖော် ထုတ် လိုက် ပါတယ်။ အာဆင် နယ် အသင်းထံ ကွင်းလယ် ဖန်တီးရှင် အိုဇေးလ် ကို ရောင်းချခဲ့စဉ် က အခြားလာလီဂါ အသင်းတသင်းထံ ရောင်းချ လိုပါက ရီးရဲအသင်းက ပထမ ၄၈ နာရီအတွင်း ပြန် လည် ၀ယ် ယူခွင့် ပါရှိခဲ့တယ် လို့ သိရပါတယ်။
အိုဇေးလ် ဟာ ယခုနှစ် ရာသီ အာဆင် နယ် အသင်းမှာ တောက် ပတဲ့ခြေစွမ်းတွေ ပြသ နေခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးဖန်တီး မှု စံချိန် သစ် တခုကို ရေးထိုးဖို့ နီးစပ် နေပြီ ဖြစ်ပါတယ်။ ရီးရဲ အသင်းဟာာ အိုဇေးလ် အတွက် ယူရို ၄၄ သန်း နဲ့ ရောင်းချခဲ့ပြီး အာဆင် နယ် အသင်း ချန် ပီယံလိဂ် ကစားရတိုင်း ယူရို ၁ သန်း ထပ် မံရရှိမှာဖြစ် ပါတယ်။
ဒါ့အပြင် အိုဇေးလ် ကို ယူရို သန်း ၅၀ နဲ့ အထက် ရောင်းချခဲ့မယ် ဆိုရင် အကျိုးအမြတ် ရဲ့ ၃၃% ကို ရီးရဲအသင်းက ရရှိခံစားရမယ် ဆိုတဲ့ အချက် အလက် လည်းပါဝင် ခဲ့တယ် လို့ သိရပါတယ်။ လက် ရှိ ဘာစီလို နာ အသင်းက အင် နီယေစတာ ရဲ့ နေရာမှာ အစားထိုးဖို့ အိုဇေးလ် ကို အသင့်တော် ဆုံး ကစားသမား အဖြစ် သတ်မှတ် ထားပြီး စောင့်ကြည့်နေစဉ် မှာ အဆိုပါ လျှို့ဝှက် ချက် ထွက် ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
Credit – sport

No comments:

Post a Comment