Sunday, January 31, 2016

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစရင်းထုတ်ပြန်

လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်နှင့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတို့အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်းလိုက်သည့် ကစားသမားစာရင်းတွင် ဒဏ်ရာရရှိနေသူများနှင့် လက်ရှိပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ ထို့ပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရပြီး ကလပ်အသင်းနှင့်ပင် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့် ငြိမ်းချမ်းအောင်ကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ အပတ်စဉ် တစ်ပတ်လျှင် တစ်ရက်လေ့ကျင့်မည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း
ဂိုး – ပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ရှမ်းယူနိုက်တက်)။
နောက် – ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ သိန်းဇော် (ရန်ကုန်)၊ ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် (ရှမ်းယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ရဲဝင်းအောင် (ရတနာပုံ)။
လယ် – လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ သက်နိုင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ ငြိမ်းချမ်းအောင် (ရန်ကုန်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ သီဟဇော် (ဧရာဝတီ)၊ နေလင်းထွန်း (ရှမ်းယူနိုက်တက်)။
ရှေ့ – အောင်သူ (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ ဆောင်လန်မန် (ချင်းယူနိုက်တက်)။
Credit – eleven sport

Saturday, January 30, 2016

ယူနိုက်တတ်မန်နေဂျာရာထူးမှနုတ်ထွက်မည်မဟုတ်ဟုဗန်ဂါးလ်အခိုင်အမာပြောဆို

မန်ချက်စတာ ယူနိုက်တက်မှ မိမိ လုံးဝ နုတ်ထွက်မည် မဟုတ်ဟု မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ယတိပြတ် အခိုင်အမာ ပြောကြားလိုက်သည်။
ဆောက်သမ်တန်ကို (၁-၀)ဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်(၄) နေရာနှင့် (၅)မှတ်ထိ ကွာဟသွားပြီးနောက် ဗန်ဂါးလ်သည် အသင်းထံမှ ထုတ်ပယ်မှု မခံရမီ ၎င်း၏ သဘောအတိုင်း နုတ်ထွက်ရန် ပြင်ဆင်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ ၎င်းသည် အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် နုတ်ထွက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း နယ်သာလန်သား မန်နေဂျာကြီးကမူ ယင်းကဲ့သို့ သတင်းများသည် အလွန်ဆိုးရွား ယုတ်ညံ့လွန်းကြောင်း ဝေဖန်ခဲ့သည်။
အသင်းမှ ထွက်ခွာရန် စဉ်းစားနေကြောင်း သတင်းများအပေါ် မေးမြန်းသည့်အခါ ဗန်ဂါးလ်က “ကျွန်တော် ဘယ်တုန်းကမှ ဒါမျိုးမပြောခဲ့ပါဘူး။ ကျွန်တော်က အမြဲတမ်း တိုက်ပွဲဝင်နေတဲ့သူပါ။ အသင်းနဲ့ကျွန်တော် (၃)နှစ် စာချုပ်ထားတယ်။ ဒါဟာ လုပ်ငန်းစဉ် တစ်ခုပါ။ တစ်ပွဲစာအတွက် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို အဆုံးထိ ဆက်သွားချင်ပါတယ်။ တကယ်လို့ လက်ရှိအခြေအနေကို တာဝန်မယူချင်ဘူးဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ကတည်းက ကျွန်တော် ဒီအလုပ်ကို လက်ခံခဲ့မှာ မဟုတ်ဘူး။ ကလပ်အသင်းတွေကို တာဝန်ယူတော့မယ်ဆိုရင် ကျွန်တော် အသင်းပိုင်ရှင်တွေ၊ ဒါမှမဟုတ် အမှုဆောင်ချုပ်တွေနဲ့ အကြာကြီး ဆွေးနွေးတယ်။ ယူနိုက်တက်မှ မဟုတ်ဘူး။ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့မှာလည်း ဒီလိုပဲ။ ကျွန်တော့်ကို အသင်းက အမြဲတမ်း ထောက်ခံရပ်တည်မယ်လို့ ယုံကြည်တယ်”ဟု ဖြေကြားခဲ့သည်။
၎င်းက “ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါက ခင်ဗျားတို့ (သတင်းသမားတွေ)ကို ဖိအားဖြစ်စေလိမ့်မယ်။ ခင်ဗျားတို့က ထင်ကြေးပေးပြီး လျှောက်ရေးထားတာတွေ တကယ်ဖြစ်မလာရင် ခင်ဗျားတို့ ဗျာများမှာပဲလေ။ ကျွန်တော်တို့က ပရိသတ် ရည်မှန်းမျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်း ရှိပါတယ်။ သေချာတယ်။ ဒါပေမဲ့ အခုမှ ခရီးတစ်ဝက်ပဲ ရောက်သေးတာပါ”ဟုလည်း ပြောဆိုသွားသည်။
Credit – soccer myanamr

ဘန်ဇီမာရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာမျာ

လက်ရှိဘောလုံးကမ္ဘာမှာ အကောင်းဆုံးတိုက်စစ်မှူးဆိုသူတွေကို လက်ချိုးရေလို့ ရပါတယ်။ အဲ့ဒီတိုက်စစ်မှူးတွေထဲမှာ ကီရင်ဘန်ဇီမာဆိုတာကလည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘန်ဇီမာဟာ အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်လို့ ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံးအချိန်ကို ရောက်နေတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း ဘန်ဇီမာဟာ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်တို့နဲ့အတူ ရီးယဲလ်အသင်းအတွက် ဂိုးတွေသွင်းပေးနေပါတယ်။ သူ့ရဲ့ ကစားသမားဘ၀ထဲမှာ လူတွေသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာအချို့ရှိနေပါတယ်။
ဘောကောက်ကလေး ဘန်ဇီမာ
ဘန်ဇီမာရဲ့ ဘောလုံးသမားဘ၀အစက သူ့ရဲ့ မွေးရပ်မြေ ကလပ် Bron Terraillon အသင်းမှာ ဖြစ်ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ ဘောလုံးစတင်ကစားခဲ့တာပါ။ သူတို့အသင်းနဲ့ လိုင်ယွန်အသင်း ယူ-၁၀ ပြိုင်ပွဲမှာ တွေ့ခဲ့ကြပြီး ဘန်ဇီမာက နှစ်ဂိုးသွင်းကာ ခြေစွမ်းပြခဲ့လို့ လိုင်ယွန်အသင်းက နည်းပြတွေ အကြိုက်တွေ့သွားခဲ့ပါတယ်။ ချက်ချင်းပဲ လိုင်ယွန်လိုအသင်းကြီးက ဘန်ဇီမာလေးကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ Bron Terraillon အသင်းတာဝန်ရှိသူတွေကို လိုင်ယွန်အသင်းက တိုက်ရိုက်သွားတွေ့ခဲ့ပေမယ့် မရောင်းဘူးလို့ ငြင်းဆန်လိုက်တာကြောင့် ဘန်ဇီမာရဲ့ မိဘတွေကို ထပ်တွေ့ကာ ခေါ်ယူခဲ့ရပါတယ်။ လိုင်ယွန်အသင်းကို ရောက်သွားတဲ့ အခါမှာတော့ ဘန်ဇီမာဟာ အသင်းကြီးရဲ့ပွဲတွေမှာဆို ဘောကောက်ကလေးအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။
အဲ့ဒီနောက်ဘန်ဇီမာဟာ လိုင်ယွန် အငယ်တမ်းအသင်းနဲ့ လူငယ်အသင်းတွေမှာ အလျင်အမြန်တိုးတက်လာပြီး ယူ-၁၆ ပြိုင်ပွဲမှာ ၃၂ ဂိုးအထိသွင်းယူပြခဲ့ပါတယ်။
ယူရို ယူ-၁၇ ချန်ပီယံ
ဘန်ဇီမာဟာ လိုင်ယွန်လူငယ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ပြင်သစ် ယူ-၁၇ အသင်းရဲ့ခေါ်ယူခြင်းကို ခံရပြီး ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီ ယူ-၁၇ အသင်းမှာ မန်စီးတီးကစားသမား နာဆရီ၊ နယူးကာဆယ်ကစားသမားဟောင်း ဘင်အာဖာ၊ အေစီမီလန်တိုက်စစ်ကစားသမား မန်နက်ဇ်တို့ ဘန်ဇီမာနဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ ပြင်သစ်အသင်းက ဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာကတော့ ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။
စီနီယာတွေကို မကြောက်တဲ့ ဘန်ဇီမာ
လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘန်ဇီမာကို လိုင်ယွန်အသင်းကြီးက အသက် ၁၇ နှစ်အရွယ်မှာ ခေါ်ယူခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကပါ။ အဲ့ဒီအချိန်က လိုင်ယွန်အသင်းကြီးမှာ မာလူဒါ၊ ၀ီလ်တော့၊ အဘီဒယ်၊ အက်စ်ဆီယန်တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ အသင်းကြီးကို ရောက်ရောက်ချင်းမှာပဲ မာလူဒါက ဒီမှာ သူ့အတွက် ပျော်စရာမတွေ့ကြောင်းဟာသလုပ် ပြောဆိုခဲ့ပါတယ်။ စီနီယာတွေက သဘောကျတဲ့အခါမှာတော့ မာလူဒါက 'မရယ်ကြနဲ့ ဒီကိုလာတာ ခင်ဗျားတို့ရဲ့နေရာကို ယူမလို့လာတာ' ဆိုပြီး ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘန်ဇီမာဟာ လိုင်ယွန်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ရီးယဲလ်ကို မပြောင်းရွှေ့ခင် လိုင်ယွန်အတွက် ၁၄၈ ပွဲကစားပေးခဲ့ပြီး ၆၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဇီဒန်းနဲ့ နှိုင်းယှဉ်ခံရသူ
၂၀၁၁ ခုနှစ်မှာ ဘန်ဇီမာဟာ ပြင်သစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ စပိန်မှာ အခြေစိုက်ကစားပြီး ဒီဆုကို ရရှိခဲ့တာဆိုလို့ ဇီဒန်းပြီးရင် ဘန်ဇီမာတစ်ဦးပဲ ရှိပါတယ်။ ဘယ်ပြင်သစ်ကစားသမားမှ ဒီလိုမစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် သူ့ကို ပြင်သစ်ဂန္ထ၀င်ဇီဒန်းနဲ့နှိုင်းယှဉ်ကြပါတယ်။ ဒါပေမဲ့ဒါကို ဘန်ဇီမာက 'ဇီဒန်းနဲ့ နှိုင်းယှဉ်ခံရတာက တကယ်ကို ချီးကျူးခံရမှုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်က ပုံစံကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်ပါတယ်' လို့ ဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဘန်ဇီမာဟာ ပြင်သစ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို နောက်နှစ်ကြိမ်ထပ်ရခဲ့ပြီး ဇီဒန်းထက် တစ်ကြိမ်ပိုရခဲ့ပါတယ်။
ဝိတ်ကျဖို့ ဆေးကုသမှုခံယူခဲ့ရသူ
ရီးယဲလ်အသင်းမှာ ကစားနေစဉ် ၂၀၁၀ ခုနှစ်က ဘန်ဇီမာဟာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ပြင်သစ်ရဲ့ဝါရင့်ကစားသမား လက်ရှိ ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က ဘန်ဇီမာကို ၀ိတ်ချဖို့ အကြံပေးခဲ့ပါတယ်။ နောက်တော့ ဇီဒန်းနဲ့ ဘန်ဇီမာတို့ နှစ်ဦးစလုံးက ၀ိတ်ကျသွားဖို့အတွက် အီတလီမှာ ဆေးကုသမှု ခံယူဖို့ အကြံပေးခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၁-၁၂ ရာသီမှာ ဘန်ဇီမာဟာ ရီးယဲလ်အတွက် ခြေစွမ်းပြကစားနိုင်ပြီး ပြိုင်ပွဲပေါင်းစုံမှာ ၃၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီက စွမ်းဆောင်မှုဟာ ဘန်ဇီမာရဲ့ ရီးယဲလ်ကစားသမားဘ၀မှာ အကောင်းဆုံးစွမ်းဆောင်မှု ဖြစ်နေဆဲပါပဲ။
အယ်လ်ကလက်စီကို သမိုင်းမှာ အမြန်ဆုံးဂိုးသွင်းရှင်
ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုသမိုင်းမှာ အမြန်ဆုံးဂိုးသွင်းရှင်က မက်ဆီမဟုတ်သလို စီရော်နယ်ဒိုလည်း မဟုတ်ပါဘူး။ အမြန်ဆုံးဂိုးသွင်းနိုင်သူက ဘန်ဇီမာပါ။ ၂၀၁၁ ခုနှစ်က တွေ့ဆုံခဲ့တဲ့ ဘာစီလိုနာနဲ့ပွဲမှာ ဘန်ဇီမာက ပွဲချိန် ၂၁ စက္ကန့်ထဲနဲ့ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စံချိန်က အခုချိန်အထိ တင်ရှိနေဆဲပါ။ ကမ္ဘာပေါ်က အပြင်းထန်ဆုံးဒါဘီပွဲဖြစ်တဲ့ အယ်လ်ကလက်စီကိုမှာ ဘန်ဇီမာရဲ့ စံချိန်က ရှိနေဦးမှာ ဖြစ်ပါတယ်။
လာလီဂါသမိုင်းထဲက ထိပ်သီးပြင်သစ်ဂိုးသွင်းဘုရင်
လာလီဂါမှာ ကစားနေကြတဲ့ ပြင်သစ်ကစားသမားတွေထဲမှာ ဘန်ဇီမာဟာ အအောင်မြင်ဆုံးကစားသမားဖြစ်ပါတယ်။ ဇီဒန်းထက်ပိုမိုအောင်မြင်သူဖြစ်တယ်ဆိုတာကို သူ့ရဲ့သွင်းဂိုးတွေက သက်သေပြနေပါတယ်။ ဇီဒန်းဟာ ရီးယဲလ်မှာ ကစားခဲ့တဲ့ ကာလတစ်လျှောက် ၂၂၅ ပွဲမှာ ၄၉ ဂိုးသွင်းယူခဲ့ပြီး ဘန်ဇီမာကတော့ ပွဲ ၃၀၀ မှာ ၁၅၃ ဂိုးသွင်းယူထားပါတယ်။ ဇီဒန်းက ၃၉ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး ဘန်ဇီမာက ၆၂ ကြိမ် ဖန်တီးပေးထားပါတယ်။ သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက ဆက်လက်မြင့်တက်နဦးမှာပါ။
ဘောလုံးညီအစ်ကိုများ
ဘန်ဇီမာရဲ့ ညီငယ်တွေဖြစ်တဲ့ ဂရက်စီနဲ့ဆာဘရီတို့ဟာလည်း သူ့လိုပဲ ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။ ဂရက်စီက ပြင်သစ်အောက်တန်းလိဂ်မှာ ကစားနေသူဖြစ်ပြီး ဆာဘရီကတော့ သူတို့မြို့က ကလပ်မှာ ကစားနေတာဖြစ်ပါတယ်။ ဂရက်စီက ဘန်ဇီမာလိုပဲ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ဘောလုံးကြီးထက် ဖူဆယ်ကစားရတာကို ပိုမိုနှစ်သက်သူဖြစ်ပါတယ်။ ဂရက်စီက သူ့ရဲ့အစ်ကိုဟာ ကွင်းထဲမှာ ဘယ်လိုကစားရမယ်ဆိုတာကို အမြဲအကြံပေးကြောင်းပြောပြပါတယ်။ ဘန်ဇီမာရဲ့ မက်ဒရစ်ကအိမ်ကို ဂရက်စီအမြဲလာလည်လေ့ရှိပါတယ်။
လိင်ကိစ္စတွေနဲ့ ဘန်ဇီမာရဲ့အရှုပ်
ဘန်ဇီမာဟာ ဘောလုံးအားကစားမှာ အောင်မြင်သူဖြစ်သလို ပြင်သစ်ပီသစွာပဲ လိင်ကိစ္စအရှုပ်အရှင်းတွေ ရှိခဲ့ပါတယ်။ ပြင်သစ်အသင်းဖော်တစ်ဦးဖြစ်တဲ့ ရီဘာရီနဲ့အတူ ဘန်ဇီမာဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ အဲ့ဒီအမှုကိစ္စက လွတ်မြောက်ခဲ့ပြီးနောက် အခုနောက်ဆုံးမှာ ပြင်သစ်အသင်းဖော်နောက်တစ်ဦးဖြစ်တဲ့ ဗယ်လ်ဘူနာနဲ့သူ့ရဲ့ ချစ်သူတို့ရဲ့ အပြာရောင်တိတ်ခွေနဲ့ပတ်သက်ပြီး ငွေညှစ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြန်ပါတယ်။ ဒါကြောင့်လတ်တလောမှာ ဘန်ဇီမာကို ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်ကလည်း အဲ့ဒီကိစ္စမရှင်းမခြင်း အသင်းမှာ ရွေးချယ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက ဘန်ဇီမာရဲ့ ဘ၀ထဲက စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ လက်ရှိမှာ ဘောလုံးသမားတစ်ဦးအတွက် အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီး အောင်မြင်မှုတွေ များစွာရရှိနိုင်ဖို့ ခြေစွမ်းခြေစရှိနေသူဖြစ်ပါတယ်။ လာမယ့် ပြင်သစ် ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း အမိနိုင်ငံအတွက် အားကိုးရမယ့်သူ ဖြစ်လာနိုင်သလို ရီးယဲလ်အသင်းအတွက်လည်း အောင်မြင်မှုတွေ ရယူပေးနိုင်မယ့်သူ ဖြစ်လာနိုင်သူပါ။ ဘန်ဇီမာရဲ့ ပရိသတ်တွေအနေနဲ့ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအတွက် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit - sport

လီဗာပူးလ်အသင်း၌သာကစားရန်ဆွာရက်ဇ်ပြော

ဘာစီလိုနာအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပရီးမီးယားလိဂ်တွင် ပြန်ကစားဖြစ်ပါက လီဗာပူးလ် အသင်းတွင်သာ ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ESPN သတင်းဌာနနှင့် အင်တာဗျူး တွင် ဆွာရက်ဇ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြား မည်သည့်အင်္ဂလန်ကလပ်တွင်မျှ ပါဝင်ကစားရန် ဆန္ဒမရှိဟု ၀န်ခံခဲ့သည်။
ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ လေးရာသီကြာ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်နှင့် ဥရောပရွှေဖိနပ်ဆု၊ PFA နှင့် WFA အကောင်းဆုံးကစားသမားဆုများ ဆွတ်ခူးရရှိခဲ့သည်။
ESPN သတင်းဌာနက တစ်နေ့တွင် အင်္ဂလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ "အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အကယ်၍ အင်္ဂလန်ကိုပြန်လာဖြစ်မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းကလွဲပြီး တခြား ဘယ်အသင်းမှာမှ ကစားဖြစ်မှာမဟုတ်ပါဘူး။ လီဗာပူးလ် ပရိသတ်တွေကို ကျွန်တော် လွမ်းမိပါတယ်။ အန်ဖီးလ်ကွင်းရဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေကို လီဗာပူးလ်မှာ ကစားဖူးသူတိုင်း သိကြမှာပါ။ ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းအရေးပါပြီး ကျွန်တော့်နှလုံးသားထဲမှာ သူတို့ရှိတယ်ဆိုတာ သူတို့ကိုယ်တိုင်သိကြပါတယ်" ဟု ဖြေကြားခဲ့သည်။
Credit - eleven sport

Thursday, January 28, 2016

နောက်ဆုံးရအားကစားသတင်းများ

အာဆင် နယ် အသင်းဟာ လက် စတာ ကစားသမား ဘန် ချီဝဲ အတွက် ပြောင်း ရွှေ့ကြေးတိုးမြင့်ကမ်းလှမ်း ခဲ့တယ် လို့ သိရပါတယ်။ ဒါ့အပြင် နာပိုလီ အသင်းက ငြင်းပယ် ချခဲ့တဲ့ ကစားသမား ဂျော် ဂျင် ဟို ကိုလည်း လာမယ့် နွေရာသီမှာ ထပ် မံကမ်းလှမ်းသွားဦးမယ် လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းမှာ နေရာပျောက် ဆုံးနေတဲ့ နောက် ခံလူ ကာဟေး ဟာ ယူရို ၂၀၁၆ မှာ ပါဝင် ခွင့် သေချာ စေဖို့ အသင်းပြောင်းရွှေ့လိုတယ် လို့ သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ်။ နည်းပြ သစ် ဟစ် ဒင့် ကိုင် တွယ် ပြီး ကတည်းက ၂ ပွဲသာ ကစားခဲ့ရတဲ့ ကာဟေး ရဲ့ အသင်းပြောင်းရွှေ့လိုမှု ဟာ ဘို တန် ဒဏ် ရာရရှိသွားတာ ကြောင့် အ ပြောင်းရွှေ့ဈေးကွက် အတွင်း ၀င် ရောက် လာခဲ့တဲ့ ဘိုင် ယန် မြုးနစ် အသင်းအတွက် စိတ် ၀င် စားဖွယ် ဖြစ် လာနိုင် ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ် လူ ရာမီရက် ဟာ ဂျန်ဆူးဆန်းနင်း အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ် ပါတယ်။ အ ပြောင်း အ ရွှေ့အတွက် ချဲလ်ဆီးအသင်းဟာ ပေါင် ၂၁ သန်းခန့် ရရှိခဲ့တယ် လို့ သိရပါတယ်။ ရာမီရက် ဟာ တရုတ် စူပါလိဂ် အသင်းနဲ့ ၅ နှစ် ခွဲစာချုပ် ချုပ် ဆိုမယ် လို့ သိရပါတယ်။
ဝက်ဖိုဒ့် အသင်းကစားသမား ဖက် ဘီယာနီ ဟာ ဘာမင် ဂမ် အသင်းထံ ပေါင် ၁.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ ပြီဖြစ် ပါတယ်။
လက် စတာ စီးတီးအသင်းဟာ ဆမ့်ဒိုးရီးယားတိုက် စစ် မှုး အီဒါ အတွက် ပြောင်း ရွှေ့ကြေးကို ပေါင် ၁၀ သန်း အထိ တိုးမြင့်ကမ်းလှမ်းခဲ့ပေမယ့် ဆမ့်ဒိုးရီးယားအသင်းက အင် တာမီလန် ထံ ရောင်းချဖို့ အ လေးသာနေတယ် လို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ဆွမ်းဆိ တောင် ပံကစားသမား အယူးအတွက် ပေါင် ၁၀ သန်း + ဘိုရီနီ အလိုက် ပေး နဲ့ ကမ်းလှမ်းခဲ့တယ် လို့ သိရပါတယ်။
အဲဗာတန် ဂိုးသမား ဟောင်းဝပ် ဟာ အ မေရိကကလပ် ကော်လိုရာဒို အသင်းနဲ့ ဆွေးနွေးနေပြီး ပြောင်းရွှေ့ဖြစ် ဖို့ နီးစပ် နေတယ် လို့လည်း သိရှိရပါတယ်။
အေစီမီလန် အသင်းရဲ့ ဂန္တ၀င် ကစားသမား ကာကာ က မီလန် ကို ပြန် လည် ခြေချလိုသေးကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့ပြီး သူ့အတွက် အေစီမီလန် က အမြဲတံခါးဖွင့်ထားပါတယ် လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
နာပိုလီ အသင်းရဲ့ အသစ် ခေါ်ယူထားခဲ့တဲ့ ကစားသမား ဂရက် ဆီ ဟာ အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီစဉ် မှာ ဒဏ် ရာရရှိခဲ့တယ် လို့သိရပါတယ်။
အင် တာမီလန် အသင်းကွင်းလယ် လူ ဂွာရင် ဟာ ရှန် ဟိုင်းရှင် ဟွာ အသင်းထံ ပြောင်းရွှေ့ဖို့ သ ဘောတူညီ ခဲ့ပြီးဖြစ် ကြောင်း ၂ သင်းစလုံးက တရားဝင် ထုတ် ပြန် ကြေငြာသွားခဲ့ပါတယ်။
နာပိုလီ အသင်းဟာ ပီးခဲ့တဲ့ နွေရာသီက ဒီဘားလား ကို ကမ်းလှမ်းခဲ့ဖူးကြောင်း နာပိုလီ အသင်းဥက္ကဌ ဇမ် ပါရီနီ က ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ် ။ နာပိုလီ အသင်းက ယူရို ၂၅ သန်း + ဂျော် ဂျင် ဟို နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဒီဘားလား ရဲ့ အေးဂျင့်ဖြစ် သူက ဂျုဗင် တပ် အသင်းနဲ့ သ ဘောတူညီမှု ရရှိခဲ့ပြီးဖြစ် တယ် လို့ ဇမ် ပါရီနီ က ပြောဆိုသွားခဲ့ပါတယ်။ ဒီဘားလား ဟာ ပါလာမို အသင်းက နေ ဂျုဗင် တပ် အသင်းထံ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ် ပါတယ်။
Credit – sport

Wednesday, January 27, 2016

စပါးတိုက်စစ်မှုးအဒီဘာယောခရစ္စတယ်ပဲလေ့စ်သို့ရောက်ရှိ

စပါးတိုက်စစ်မှူး အဒီဘာယောသည် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရာသီအကုန်အထိကစားရန် ရောက်ရှိသွားပြီ ဖြစ်သည်။
ယခုရာသီအစက စပါးအသင်းမှ ထုတ်ပယ်ခံထားရသည့် အဒီဘာယောသည် ပဲလေ့စ်အသင်းနှင့် ၁၈ လ သက်တမ်းရှိ သဘောတူညီမှုစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ယခုရာသီ ၎င်း၏ခြေစွမ်းအပေါ်မူတည်၍ နောက်တစ်နှစ် စာချုပ်ချုပ်မည် မချုပ်မည်ကို ဆုံးဖြတ်မည် ဖြစ်သည်။
ပဲလေ့စ်အသင်းသည် အဒီဘာယောအတွက် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၇ သောင်း ပေးချေရမည် ဖြစ်သည်။ စပါးအသင်းကလည်း ၎င်းတို့နှင့် ကျန်ရှိနေသည့်စာချုပ်သက်တမ်း ဇွန်လအထိကို ပေါင်သုံးသောင်း ပေးချေရမည် ဖြစ်သည်။စပါးအသင်းသည် အဒီဘာယောကို စာချုပ်ချုပ်ဆိုခဲ့ရာတွင် တစ်ပတ် ပေါင်တစ်သိန်းဖြင့် ချုပ်ဆိုထားခြင်း ဖြစ်သောကြောင့် ပေါင်သုံးသောင်း ပေးချေရခြင်း ဖြစ်သည်။
ပဲလေ့စ်အသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် အဒီဘာယောက 'ပဲလေ့စ်အသင်းကို ပြောင်းရွှေ့နိုင်ပြီလို့ ဒီနေ့မှာ ကြေညာနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အသင်းနဲ့ပူးပေါင်းပြီး ပရီးမီးယားလိဂ်မှာ နောက်တစ်ကြိမ်ပြန်ကစားဖို့ မစောင့်နိုင်တော့ပါဘူး' ဟု တွစ်တာတွင် ရေးသားခဲ့သည်။
လက်ရှိပဲလေ့စ်အသင်းတွင် တိုက်စစ်ကစားသမား ခြောက်ဦးအထိရှိနေသော်လည်း ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးသာသွင်းယူထားနိုင်သည်။ ပဲလေ့စ်အတွက် ဂိုးအများဆုံးသွင်းထားသူမှာ ကွင်းလယ်ကစားသမား ကာဘာယီဖြစ်ပြီး ငါးဂိုးသွင်းယူပေးထားသည်။
ထို့ကြောင့် ပဲလေ့စ်အသင်းသည် အားနည်းနေသည့်တိုက်စစ်ပိုင်းကို ဖြည့်တင်းရန် အဒီဘာယောကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်၊ မန်စီးတီး၊ ရီးယဲလ်နှင့် စပါးအသင်းတို့တွင် ကစားခဲ့ဖူးသော အဒီဘာယောသည် အတွေ့အကြုံပြည့်ဝသော တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ၉၆ ဂိုးသွင်းယူထားသူ ဖြစ်သည်။ ၎င်း၏ကစားသမားဘ၀တစ်လျှောက်တွင် စုစုပေါင်းသွင်းဂိုး ၁၇၆ ဂိုးသွင်းယူထားသည်။
Credit – hyper sport

Tuesday, January 26, 2016

အိုဇေးလ်ကိုပထမဆုံးစဉ်းစားခွင့်ရမဲ့ရီးယဲလ်မက်ဒရစ်

ရီးရဲတောင် ပံကစားသမား ဘေးလ် ရဲ့ အ ပြောင်း အ ရွှေ့ ကိစ္စရပ် တွေကို ဖော် ထုတ်ပြသခဲ့တဲ့ website က နေ ရီးရဲအသင်းရဲ့ နောက် ထပ် လျှို့ဝှက် ချက် တခုကို ထပ် မံဖော် ထုတ် လိုက် ပါတယ်။ အာဆင် နယ် အသင်းထံ ကွင်းလယ် ဖန်တီးရှင် အိုဇေးလ် ကို ရောင်းချခဲ့စဉ် က အခြားလာလီဂါ အသင်းတသင်းထံ ရောင်းချ လိုပါက ရီးရဲအသင်းက ပထမ ၄၈ နာရီအတွင်း ပြန် လည် ၀ယ် ယူခွင့် ပါရှိခဲ့တယ် လို့ သိရပါတယ်။
အိုဇေးလ် ဟာ ယခုနှစ် ရာသီ အာဆင် နယ် အသင်းမှာ တောက် ပတဲ့ခြေစွမ်းတွေ ပြသ နေခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးဖန်တီး မှု စံချိန် သစ် တခုကို ရေးထိုးဖို့ နီးစပ် နေပြီ ဖြစ်ပါတယ်။ ရီးရဲ အသင်းဟာာ အိုဇေးလ် အတွက် ယူရို ၄၄ သန်း နဲ့ ရောင်းချခဲ့ပြီး အာဆင် နယ် အသင်း ချန် ပီယံလိဂ် ကစားရတိုင်း ယူရို ၁ သန်း ထပ် မံရရှိမှာဖြစ် ပါတယ်။
ဒါ့အပြင် အိုဇေးလ် ကို ယူရို သန်း ၅၀ နဲ့ အထက် ရောင်းချခဲ့မယ် ဆိုရင် အကျိုးအမြတ် ရဲ့ ၃၃% ကို ရီးရဲအသင်းက ရရှိခံစားရမယ် ဆိုတဲ့ အချက် အလက် လည်းပါဝင် ခဲ့တယ် လို့ သိရပါတယ်။ လက် ရှိ ဘာစီလို နာ အသင်းက အင် နီယေစတာ ရဲ့ နေရာမှာ အစားထိုးဖို့ အိုဇေးလ် ကို အသင့်တော် ဆုံး ကစားသမား အဖြစ် သတ်မှတ် ထားပြီး စောင့်ကြည့်နေစဉ် မှာ အဆိုပါ လျှို့ဝှက် ချက် ထွက် ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
Credit – sport

ကမ္ဘာ့ဖလားပြီးမှအနားယူမဲ့ဘတ်ဖွန်

ဂျူဗင်တပ်စ်အသင်းနှင့် အီတလီလက်ရွေးစင်အသင်းတို့၏ ၀ါရင့် ဂိုးသမားကြီး ဘတ်ဖွန်က လာမည့် ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဘောလုံးလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘတ်ဖွန်သည် အီတလီလက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနှင့်အတူ စီးရီးအေဖလားကို ခြောက်ကြိမ်ရရှိပြီးဖြစ်သည့် အောင်မြင်သော ဂိုးသမားတစ်ဦးဖြစ်သည်။
'လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရအောင် ကြိုးစားသွားမှာပါ။ အဲ့ဒီပြိုင်ပွဲပြီးရင်တော့ တံခါးတွေပိတ်ကောင်းပိတ်သွားပါလိ့မ်မယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြီးရင် ကစားသမားဘ၀က အနားယူဖို့ သေချာသလောက် ရှိပါတယ်' ဟု ဘတ်ဖွန်က ပြောသည်။
ထို့အပြင် ဘတ်ဖွန်က လက်ရှိ ဂျူဗင်တပ်စ်အသင်း၏ ပုံစံနှင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ချီးကျူးပြောဆိုခဲ့သည်။ ပြီးခဲ့သည့်အပတ်က ရိုးမားအသင်းကို အနိုင်ရရှိခြင်းသည် ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေတွင် ၁၁ ပွဲဆက်တိုက်အနိုင်ရရှိခြင်း ဖြစ်သည်။
'လက်ရှိမှာ ကျွန်တော်တို့အသင်းက ပုံမှန်မဟုတ်တဲ့ ကာလတစ်ခုကို ဖြတ်ကျော်နေတာပါ။ အမြင့်ဆုံး စိတ်ဓာတ်နဲ့ ကြံ့ခိုင်မှု မရှိဘူးဆိုရင် ဒီလို ၁၁ ပွဲဆက်တိုက် အနိုင်ရမှာ မဟုတ်ပါဘူး။
ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ ရာသီက ပါလာမိုနဲ့အတူ အကောင်းဆုံးကစားပြခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗီလိုအသင်းမျိုးမှာ အဲ့ဒီလိုထပ်လုပ်ပြဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ သူဟာ အသင်းမှာ အလျှင်အမြန်ပဲ အထိုင်ကျခဲ့ပါတယ်' ဟု ချီးကျူးပြောဆိုခဲ့သည်။
Credit – hyper sport