Sunday, May 22, 2016

မာဆေးလ်ကို အနိုင်ယူပြီး မာဆေးလ်အသင်းရဲ့ ပြင်သစ်ဖလား စံချိန်ကို လိုက်မီခဲ့တဲ့ PSG

ပင်သစ်ဖလား ဗိုလ်လုပွဲကို မာဆေးလ်နဲ့ PSG အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး PSG အသင်းက (၄-၂)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

PSG အသင်းဟာ ပြင်သစ်ဖလားကို (၁၀)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ဖလား အများဆုံးရယူထားတဲ့ မာဆေးလ်အသင်းရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုအရကြည့်ရင်တော့ မာဆေးလ်က ချန်ပီယံ(၁၀)ကြိမ်၊ ဒုတိယ(၉)ကြိမ် ဖြစ်ခဲ့ပြီး PSG အသင်းကတော့ ချန်ပီယံ(၁၀)၊ ဒုတိယ (၄)ကြိမ်သာ ဖြစ်ဖူးတာကြောင့် မာဆေးလ်အသင်းက အသာရနေဆဲပါပဲ။

PSG အသင်းအတွက် ဂိုးတွေကို (၃)မိနစ်မှာ မာတွီဒီ၊ (၄၇)နဲ့ (၈၂)မိနစ်မှာ အီဘရာဟီမိုဗစ်၊ (၅၇)မိနစ်မှာ ကာဗာနီတို့ သွင်းယူခဲ့ပြီး မာဆေးလ်အသင်းအတွက် ဂိုးတွေကို (၁၂)မိနစ်မှာ သာအူဗင်၊ (၈၇)မိနစ်မှာ ဘတ်ရှူအာယီတို့ သွင်းယူခဲ့တာပါ။

PSG အသင်းဟာ ၁၉၉၉ နဲ့ ၂၀၀၀ ခုနှစ်တို့မှာ ချန်ပီယံဖြစ်ခဲ့တဲ့ နန့်စ်အသင်းနောက်ပိုင်း ပြင်သစ်ဖလား ချန်ပီယံကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲရလဒ်
=====
မာဆေးလ် ၂-၄ PSG

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment