Friday, May 20, 2016

ယခုနွေရာသီတွင် အာစင်ဝင်းဂါးအနေဖြင့် အသုံးစရိတ် ပေါင်သန်း(၁၀၀)ရရှိမည်ဟု သတင်းများထွက်ပေါ်

အာဆင်နယ်အသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၁၀၀)ရရှိမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အာဆင်နယ်အသင်းသည် နည်းပြအာစင်ဝင်းဂါးကို စာချုပ်သက်တမ်း နောက်ဆုံးနှစ်အဖြစ် လက်တွဲသွားမည်ဖြစ်ပြီး အောင်မြင်မှုများ ရရှိရန်အတွက် လုံလောက်သည့် အပြောင်းအရွှေ့အသုံးစရိတ် ထုတ်ပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို နှစ်ပေါင်း(၂၀)သက်တမ်းအတွင်း အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းကာလများ၌ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခြင်းမရှိသည့်အတွက် ပရိသတ်အချို့၏ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် အာစင်ဝင်းဂါးက ယခုနွေရာသီတွင် ငွေကြေးသုံးစွဲ၍ ပြင်ဆင်ရန် စီစဉ်နေခြင်းဖြစ်ပြီး အသင်းတာဝန်ရှိသူများကလည်း အာစင်ဝင်းဂါးအလိုကျ ပြင်ဆင်နိုင်ရန် အပြောင်းအရွှေ့အသုံးစရိတ်ကို ပေါင်သန်း(၁၀၀)အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ အာဆင်နယ်အသင်း သည် နွေရာသီတွင် ကစားသမားအပြောင်းအလဲများစွာ ဖြစ်ပေါ်ဖွယ်ရှိနေပြီး ၀ါရင့်ကစားသမားဟောင်းများ အသင်းမှ ထွက်ခွာကာ ကစားသမားသစ်များစွာ ရောက်ရှိလာဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment