Thursday, May 26, 2016

မြန်မာလိဂ်ကလပ်အသင်းများသို့ပံ့ပိုးငွေခွဲဝေပေးမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းများအတွက် ပံ့ပိုးငွေများကို မေလကုန်တွင် ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သို့သော် လတ်တလော၌ စပွန်ဆာ ရရှိထားသည့် ငွေကြေး ပမာဏ အပေါ်မူတည်ကာ ပေးအပ်ရန် စီစဉ်ထား၍ သတ်မှတ်ပမာဏ၏ ထက်ဝက်သာ ပေးအပ်မည်ဟု မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးစိုးမိုးကျော် ကပြောသည်။

‘‘ဒီလကုန်ရင် တစ်ဝက်ခွဲဝေပေးမယ်။ အကုန်မပေးနိုင်သေးဘူး။ စပွန်ဆာရတဲ့အပေါ် မူတည်ပြီးပေးရတာ။ လိဂ်-၁ က အသင်း တွေဆိုရင် သိန်း ၆၀၀ ရဲ့တစ်ဝက် သိန်း ၃၀၀ ရမယ်။ လိဂ်-၂ က အသင်းတွေက သိန်း ၂၀၀ရဲ့တစ် ၀က် သိန်း ၁ဝ၀ ရမယ်’’ဟု ဦးစိုး မိုးကျော်ကပြောသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် လိဂ် -၁ ပြိုင်ပွဲဝင်အသင်းများအတွက် အခြေခံ ပံ့ပိုးငွေပမာဏကို အိမ် ကွင်းလက်ခံကျင်းပနိုင်သည့် အ သင်းများအား ကျပ်သိန်း ၈၀၀ နှင့် အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်း မရှိသည့် အသင်းများအား ကျပ် သိန်း ၅၀၀ ပေးအပ်ခဲ့သည်။သို့သော် ယခုနှစ်၌အဆိုပါ ပမာဏထက်ပိုမို ပေးအပ်မည်ဟု သတင်းရရှိသည်။

‘‘၂၀၁၆ မှာ ထောက်ပံ့ကြေး အနည်းငယ်တိုးပေးတယ်။ အခြေ ခံထောက်ပံ့ကြေးက သိန်း ၆၀၀ နဲ့ အိမ်ကွင်း လက်ခံကျင်းပနိုင်တဲ့ အသင်းတွေကို သိန်း ၄၀၀ စုစုပေါင်း သိန်း ၁,၀၀၀ ပေးအပ်မှာပါ။ ဒါပေမဲ့ အာရှဘောလုံး အဖွဲ့ချုပ်မှာ ကလပ်လိုင်စင် ပြုလုပ်ထားပြီးသားဖြစ်ရမယ်။ ပြီးတော့ တခြား အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသင်းတွေကို ဒီပမာဏပေးမှာ’’ဟု ဦးစိုးမိုးကျော် ကပြောသည်။

သို့သော် မြန်မာနေရှင်နယ် လိဂ်-၂ ပြိုင်ပွဲဝင် အသင်းများကို ယခင်နှုန်းထားအတိုင်း ပံ့ပိုးငွေ ကျပ်သိန်း ၂၀၀ သာပေးအပ်မည်ဟု သတင်းရရှိသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင် နယ်လိဂ် ကော်မတီ အနေဖြင့် ၂၀၁၆ အတွင်း ကျင်းပလျက် ရှိသည့် လိဂ်ပြိုင်ပွဲငါးခုအတွက် ပြိုင်ပွဲ ကျင်းပစရိတ် ကျပ်သိန်း ၂၅,၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လက်ရှိ၌ ကျပ်သိန်း ၁,၈၀၀ စပွန် ဆာရရှိထားကြောင်း သတင်းရရှိသည်။

Credit – 7daydail



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment