ရှော်လ်ကေး - အော့စ်ဘတ် (၇-၅-၂၀၁၆ ည ၈း၀၀)
ရှော်လ်ကေးက အသင်းကြီးတွေနဲ့ ပွဲကျပ်ကာလလွန် မြောက်ပြီးချိန်မှာ တန်းဆင်းဇုန်အသင်းတွေနဲ့ ဆက်တိုက်တွေ့ နေတယ်။ အော့စ်ဘတ် ရလဒ်တွေကောင်းနေပေမယ့် ချန်ပီယံ
လိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ရှော်လ်ကေးကို တားဆီးဖို့ မလွယ်လောက်ဘူး။ ရှော်လ်ကေးပဲ နိုင်မှာပါ။
မိုချန်ဂလာဘတ် - လေဗာကူဆင် (၇-၅-၂၀၁၆ ည ၈း၀၀)
လေဗာကူဆင်က (၇)ပွဲဆက်နိုင်ပြီး ဒီ(၇)ပွဲမှာ ပေးဂိုး(၁) ဂိုးသာရှိခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် သေချာ သွားပြီဖြစ်လို့ လေဗာကူဆင် အားမထုတ်လောက်တော့ဘူး။ မို ချန် အနိုင်ကစားလိမ့်မယ်။
ဟမ်းဘတ် - ၀ုလ်ဖ်ဘတ် (၇-၅-၂၀၁၆ ည ၈း၀၀)
ဟမ်းဘတ်အသင်း တန်းဆင်းအန္တရာယ်က လွတ်နေပြီ။ ၀ုလ်ဖ်ဘတ်ကလည်း ဘာမျှော်လင့်ချက်မှမရှိတော့လို့ ဘွန်ဒစ် လီဂါမှာ အားမထည့်တော့ဘူး။ အမှတ်မလိုတဲ့(၂)သင်း တွေ့ဆုံ မှုမှာ အိမ်ရှင် အနိုင်နဲ့ သရေပါပဲ။
စတုဂတ် - မိန့်ဇ် (၇-၅-၂၀၁၆ ည ၈း၀၀)
စတုဂတ်က (၈)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နောက်ဆုံး(၄) ပွဲဆက် ရှုံးထားတယ်။ ဒါပေမဲ့ ကံကောင်းတာက လက်ကျန်(၂) ပွဲမှာ Rhythm ပျက်နေတဲ့ မိန့်ဇ်၊ ၀ုလ်ဖ်ဘတ်တို့နဲ့ပဲ ကစားရမှာ ဖြစ်တယ်။ စတုဂတ်ကိုပဲ ကြိုက်တယ်။
ဖရန့်ဖတ် - ဒေါ့မွန် (၇-၅-၂၀၁၆ ည ၈း၀၀)
ဖရန့်ဖတ်က (၂)ပွဲဆက်နိုင်ပြီး တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ရှိလာတယ်။ ဘိုင်ယန်က အင်ဂိုးလ်စတက်ဒ်ကို နိုင်ရင် ချန်ပီယံအဖြေထွက်ပြီမို့ ဒေါ့မွန် ဘယ်လိုကစားသွားမလဲ ဆိုတာ သတိထားရမယ်။ အမှတ်လိုတဲ့ ဖရန့်ဖတ်ကိုပဲ ရွေးချယ် ချင်တယ်။
ကိုလုံး - ၀ါဒါဘရီမင် (၇-၅-၂၀၁၆ ည ၈း၀၀)
ကိုလုံးအတွက် ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ကုန် သလောက်ဖြစ်နေပြီ။ ၀ါဒါဘရီမင်ကလည်း အဝေးကွင်း သိပ်မစွံ ဘူး။ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲရှုံးပြီး (၁)ပွဲသာ နိုင်ခဲ့တယ်။ ဒီတစ် ပွဲတော့ ၀ါဒါဘရီမင် အနိမ့်ဆုံးသရေပါပဲ။
ဟန်နိုဗာ - ဟော်ဖန်ဟင်မ် (၇-၅-၂၀၁၆ ည ၈း၀၀)
ဟော်ဖန်ဟင်မ်က ဒီပွဲနိုင်ရင် တန်းဆင်းဇုန်ကလွတ်ဖို့ သေချာပါပြီ။ တန်းဆင်းထားရပြီးသား ဟန်နိုဗာအနေနဲ့ အိမ် ကွင်းမှာ သိက္ခာဆယ်ဖို့ထက် အမှတ်ပေးဖို့က ရာခိုင်နှုန်းပိုများ ပါတယ်။ ဟော်ဖန်ဟင်မ်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဟာသာဘာလင် - ဒမ်းစတက်ဒ် (၇-၅-၂၀၁၆ ည ၈း၀၀)
ဟာသာဘာလင်က အံ့အားသင့်ဖွယ်ကောင်းအောင် ရာ သီကုန်ခါနီးမှာ ခြေပျက်သွားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ခြေစွမ်းမာကျောဆဲဖြစ်တာကို ထည့်တွက်ရလိမ့်မယ်။ ဟာသာ ဘာလင် ကပ်နိုင်ဖို့များတယ်။
အင်ဂိုးလ်စတက်ဒ် - ဘိုင်ယန်မြူးနစ် (၇-၅-၂၀၁၆ ည ၈း၀၀)
ဘွန်ဒစ်လီဂါချန်ပီယံဆု ကို စံချိန်တင်အဖြစ် (၄)နှစ်ဆက်အရယူပြီး ပရိသတ်ကို ချွေး သိပ်နိုင်ဖို့ဘိုင်ယန် ကြိုးစားလိမ့်မယ်။ အင်ဂိုးလ်စတက်ဒ်က နောက်ပိုင်း အိမ်ကွင်းပွဲတွေမှာ ရလဒ်ကောင်းနေတာ သတိပြုသင့်တယ်။ ဒါပေမဲ့အမှတ်မလိုအပ် တော့တဲ့အခြေအနေမှာ အင်ဂိုးလ်စတက်ဒ်အနေနဲ့ နဂိုက တည်းကမှ အစဉ်အလာအရ မယှဉ်နိုင်တဲ့အပြင် လူစုံနိုင်တဲ့ ဘိုင်ယန်အသင်းကို ဒုက္ခပေးနိုင်ဖို့ မရှိပါဘူး။ ဘိုင်ယန် (၂-၀)၊ (၃-၀)လောက် သွားနိုင်တယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment