Friday, May 6, 2016

အခွင့်အရေးတွေလွဲချော်ရတာ့မှာလားရွန်းနီနဲ့အိုဇေး

မန်ယူ အသင်းခေါင်းဆောင် ‪#‎ရွန်းနီ ဟာ အိုးထရက်ဖို့ဒ် သွင်းဂိုးပေါင်း ၉၉ ဂိုးအထိ ရှိနေပါပြီ ။ အိမ်ကွင်းပွဲစဉ်မှာ ၁ ဂိုးသွင်းရုံ နဲ့ ဂိုးရာပြည့်တော့မှာပါ ။ ဒါပေမယ့် ဒီဂိုးကို ရွန်းနီ မသွင်းနိုင်သေးပါဘူး ။ ရာသီကုန်ဖို့ ၃ ပွဲကျန်သေးပေမယ့် အိုးထရက်ဖို့ဒ် မှာ ကစားဖို့က တော့ ဘုန်းမောက် အသင်းနဲ့ ပွဲစဉ် သာ ကျန်ပါတော့တယ် ။ ဒီအခွင့်အ ရေးကို လက် လွတ်ခဲ့ရင် နောက် ရာသီ ကို ပြန်စောင့်ရမှာပါ ။

‪#‎အိုဇေးလ် လည်း ထိုနည်းလည်းကောင်းပါပဲ ။ ရာသီအစ အာဆင် နယ် အသင်း လျမ်းလျမ်းတောက်နေချိန်မှာ တိကျသေသပ်တဲ့ ဖန်တီးမှုတွေ ပြုလုပ်ခဲ့ကာ ရာသီဝက် မှာတင် ဂိုးဖန်တီးမှု ၁၄ ကြိမ်ခန့်ပြုလုပ် ထားခဲ့တဲ့ အိုဇေးလ် ဟာ ပရီးမီးယားလိဂ် သမိုင်းတ လျောက် တရာသီ ဂိုးဖန်တီးမှု အများဆုံးဖြစ်တဲ့ အာဆင် နယ် တိုက်စစ်မှုး အွန်နရီ ရဲ့ စံချိန်ကု ဖြတ်ကျော်နိုင် လိမ့်မယ် လို့ အားလုံးက ယုံကြည်ထားကြတာပါ ။ ဒါပေမယ့် ရာသီပြီးဆုံးဖို့ ၂ ပွဲသာကျန်တော့ ချိန်မှာ အိုဇေးလ် ရဲ့ ဖန်တီးမှု ၁၈ ကြိမ်နဲ့သာ ရပ်တန့်နေပါတယ် ။

ရွန်းနီ အတွက် အခွင့် အ ရေး မိနစ် ၉၀ သာကျန်ပါတော့တယ် ၊ ဂိုး ၁ ဂိုးတည်းပါ ။ လွဲချော်သွားခဲ့ရင် နောက် ရာသီ ဆက် ကြိုးစားရဦးမှာပါ ။

အိုဇေးလ် က တော့ မိနစ် ၁၈၀ အချိန်အတွင်း ဂိုးဖန်တီးမှု ၂ ကြိမ်အနည်းဆုံးပြု လုပ် ရမှာပါ ။ လွဲချော် ခဲ့ရင်တော့ နောက် ရာသီမှာ ဒါမျိုးထပ်လုပ်ပြနိုင် ဖို့ဆိုတာ အခု အ ခြေ အ နေ လောက် မလွယ်ကူနိုင် တော့ပါဘူး ။

Credit – Sports Myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment