Wednesday, May 4, 2016

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ပထမအကျော့ရလဒ် မန်စီးတီး ၀-၀ ရီးယဲလ်
ရီးယဲလ်မက်ဒရစ် - မန်စီးတီး (၅-၅-၂၀၁၆ နံနက် ၁း၁၅)
မန်စီးတီးကချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အဝေးကွင်းရလဒ်တွေတော်တော်ကောင်းကောင်းတယ်။ ဂျူဗင်တပ်စ်ကိုအဝေးကွင်းမှာ ရှုံးပေမယ့် မိုချန်ဂလာဘတ်၊ ဆီဗီလာတို့လို အသင်းကောင်းတွေကို အနိုင်ကစားခဲ့တယ်။ ဒိုင်နမိုကိပ်ဗ်ကို အဝေးကွင်းနိုင်၊ အိမ်ကွင်းသရေကစားတယ်။ ဒါကြောင့်အဝေးကွင်းစွမ်းဆောင်ရည်ကအားရစရာဖြစ်နေတယ်။ ရီးယဲလ်က ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ (၅)ပွဲနိုင် (၁)ပွဲသရေကစားပြီး PSG အပေါ်ကနေအုပ်စုဗိုလ်ဖြစ်ခဲ့တယ်။ ရှုံးထွက်မှာ ရိုးမားကို (၂)ကျော့စလုံး (၂-၀)ရလဒ်နဲ့ပဲအနိုင်ကစားတယ်။ ခြေစွမ်းမကောင်းပေမယ့် နိုင်ခဲ့တယ်။ ကွားတားဖိုင်နယ်မှာ ၀ုလ်ဖ်ဘတ်ကိုအဝေးကွင်းမှာ (၂-၀)နဲ့ ရှုံးတယ်။ အိမ်ကွင်းမှာအကောင်းဆုံး ပုံစံပြပြီး (၃-၀)ဂိုးနဲ့နိုင်ခဲ့တယ်။ အုပ်စုအဆင့်ကိုမပြောလိုပေမယ့် ရှုံးထွက်နဲ့ကွာတားမှာတော့ အိမ်ကွင်းမှာ အကောင်းဆုံးပုံစံပြနိုင်ခဲ့တာကိုတွေ့ရတယ်။ ဆီမီးဖိုင်နယ်ကို (၆)နှစ်ဆက်တက်ရောက်ခဲ့တာဖြစ်ပြီး အတွေ့အကြုံပိုင်းက ထိပ်တန်းအဆင့်မှာ ရှိနေတယ်။ ပြိုင်ပွဲအစဉ်အလာကမန်စီးတီးနဲ့အရမ်းကွာတယ်။ ကစားသမားပိုင်းမှာတော့ကွာတယ်ဆိုရင်တောင် မန်စီးတီးတီးကစိန်ခေါ်နိုင်တဲ့လူစာရင်းရှိတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုပါလာရင် တော့ရီးယဲလ်ကအတိုင်းရောအရပ်ပါအရမ်းကြီးသွားမယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုချိန်ထိုးမယ်ဆိုရင်လည်း အဂွဲရိုး၊ ယာယာတိုရေး၊ ဆေးလ်ဗား၊ ဒီဘရိုင်း၊ စတာလင်တို့လည်းကောင်းကြတယ်ဆိုပေမယ့် ဒီရာသီချန်ပီယံလိဂ် (၁၀)ပွဲမှာ (၁၆)ဂိုးသွင်းထားတဲ့ စီရော်နယ်လ်ဒိုနဲ့ ကြတော့ ခေါင်းတစ်လုံးလောက်ကိုကွာနေတယ်။ စီရော်နယ်လ်ဒိုမပါ၊ ဘန်ဇီမာမပါဘူးဆိုရင်တော့ မန်စီးတီးက ရီးယဲလ်ကိုကြောက်စရာမလိုတဲ့လူစာရင်းရှိပါတယ်။ ဒါပေမဲ့ PSG နဲ့ ပထမအကျော့ကစားပုံ၊ ရီးယဲလ်နဲ့ ပထမအကျော့ပွဲတွေကိုပြန်ကြည့်ရင် မန်စီးတီးအနေနဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ယှဉ်ကစားတဲ့နေရာမှာ ရှိန်နေတာကိုတွေ့ရတယ်။ ဘယ်လိုပဲအားတင်းတင်းအငုံ့စိတ်ရှိနေတာကိုတွေ့ရတယ်။ ပထမအကျော့မှာတုန်းကဘေးလ်ကိုတားဆီးနိုင်ဖို့ခက်ခဲ့တယ်။ ရီးယဲလ်အတွက်ကတော့ ဘန်ဇီမာမပါတာထက်စီရော်နယ်လ်ဒိုပါဖို့လိုတယ်။ စီရော်နယ်လ်ဒိုမကစားနိုင်သေးရင်လည်း အစ္စကိုကိုနေရာပေးမယ်ဆိုရင်နိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်လုပွဲကတော့ မက်ဒရစ်ဒါဘီကိုဦးတည်နေပါတယ်။ ရီးယဲလ်ဗိုလ်လုပွဲတက်မယ်။

Credit – eleven sport

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....











အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment