Saturday, May 14, 2016

ACမီလန်အသင်းဝါရင့်ဂိုးသမားအနားယူတော့မည်

အေစီမီလန် အသင်းရဲ့ ဝါရင့်ဂိုးသမား အဘီယာတီ ဟာ ရာသီအကုန်မှာ ကစားသမား ဘ၀ကနေ အနားယူတော့မှာဖြစ်တယ်လို့ sports mole သတင်းမှာ ဖော်ပြခဲ့ပါတယ်။အေစီမီလန် အသင်းကို (၁၉၉၈)ခုနှစ် က ပြောင်းရွှေ့ လာခဲ့တဲ့ အဘီယာတီ ဟာ အသင်းအတွက် ပွဲပေါင်း(၄၀၀)နီးပါး ပါဝင်ကစားပေးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။အေစီမီလန် အသင်းဟာ အသင်းရဲ့ လူငယ်ဂိုးသမား ဒွန်နာရမ်မာ ကို ဒီနှစ်ဘောလုံးရာသီမှာ ဦးစားပေးဂိုးသမားအဖြစ် သုံးစွဲခဲ့တဲ့ အတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ကို နှစ်ပေါင်း(၂၂)နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အဘီယာတီ ဟာ နွေရာသီမှာ အနားယူတော့မှာ လည်းဖြစ်ပါတယ်။ အဘီယာတီ က အသင်းမှာ (၁၅)နှစ်ကြာ ကစားပြီးနောက် ဘောလုံးလောက ကနေ နုတ်ဆက်ထွက်ခွာ သွားတော့မှာပါလို့ ပြောဆိုခဲ့တာကို မီလန် အသင်းက အသင်းရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ဖော်ပြခဲ့ပါတယ် ။အေစီမီလန် အသင်းနဲ့ အတူ စီးရီးအေဖလား (၃)ကြိမ် ရရှိထားတဲ့ အဘီယာတီ ဟာ တနင်္ဂနွေနေ့ မနက်ပိုင်း ရိုးမား အသင်းနဲ့ ဆန်စီရိုမှာ ကစားမဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရရှိဖို့ မျှော်လင့်ထားတယ်လို့ လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment