ပြီးခဲ့တဲ့ပွဲစဉ် (၃၆)မှာ ဒုတိယနေရာကစပါးအသင်းကို ရမှတ် (၇)မှတ်အထိဖြတ်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းဟာ ဒီနေ့ပွဲမှာလည်း အကောင်းဆုံးပုံစံတွေနဲ့အတူ အိမ်ကွင်းမှာ နိုင်ပွဲထပ်မံရယူခဲ့ပါတယ်။ လက်စတာအသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဗာဒီပြန်လည်ပါဝင်လာခဲ့သလို ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ကွင်းလယ်ကစားသမား ဒရင့်ဝါတာရဲ့နေရာမှာ အန်ဒီကင်းကို နည်းပြရာနီရေးရီက အသုံးပြုခဲ့ပါတယ်။ ပွဲအစကတည်းက လက်စတာရဲ့ကစားပုံက အထူးကောင်းမွန်ခဲ့သလို တိုက်စစ်ဆင်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်က ဂိုးရနိုင်မယ့် အခွင့်အရေးအချို့လွဲချော်ခဲ့ပေမယ့် တောင်ပံတစ်လျှောက်မှာ ပုံစံကောင်းတွေကိုပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ တိုက်စစ်မှူးဗာဒီကလည်း ပယ်နယ်တီတစ်ကြိမ်လွဲချော်ခဲ့ပေမယ့် အသင်းအတွက်အနိုင်ဂိုးတွေကို သွင်းယူခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ပွဲအစကတည်းက ကစားကွက်ပျက်နေခဲ့ပြီး လူကာကူခြေစွမ်းပျောက်ခဲ့သလို၊ လန်နွန်နဲ့ ဘာကလေတို့ကလည်း ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပါတယ်။ လက်စတာအသင်းရဲ့ဂိုးတွေကို ဗာဒီတစ်ဦးတည်းက (၂)ဂိုးအထိသွင်းယူခဲ့ပြီး ကွင်းလယ်ကစားသမား အန်ဒီကင်းက (၁)ဂိုးသွင်းယူသွားခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၈၈)မိနစ်မှာ လူစားဝင်ကစားသမား မီရာလက်စ်ကသွင်းယူသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့
ချန်ပီယံဆုဖလားပေးအပ်ပွဲကိုပါ ဆက်လက်ကျင်းပခဲ့ပါတယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment