ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲကို အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပုံမှန်ပွဲချိန်အတွင်း (၀-၀)ဂိုး သရေကျကာ အချိန်ပိုမှာ ဂျူဗင်တပ်ပ်စ်အသင်း (၁-၀)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေနဲ့ ကိုပါအီတာလီယာဖလားကို (၂)နှစ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ မျှော်လင့်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အေစီမီလန်အသင်းကတောင် ပွဲကို ထိန်းချုပ်နိုင်တဲ့အချိန် များခဲ့ပါတယ်။ နှစ်သင်းစလုံး ထိန်းကစားနေတာကြောင့် ပွဲအေးတစ်ပွဲဖြစ်ခဲ့ပြီး ပုံမှန်ပွဲချိန်အတွင်း (၀-၀)ဂိုး သရေကျခဲ့တာပါ။
ပယ်နယ်တီအဆုံးအဖြတ်ခံယူဖို့ ဦးတည်ခဲ့ပေမယ့် အချိန်ပို (၁၁၀)မိနစ်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ လူစားဝင် ကစားသမား(၂)ဦးဖြစ်တဲ့ ကွာဒရာဒို၊ မိုရာတာ အတွဲအဖက်ကတစ်ဆင့် ဂျူဗင်တပ်စ် အနိုင်ဂိုးရရှိခဲ့ပါတယ်။ ကွာဒရာဒို ဖြတ်တင်ပေးတဲ့ ဘောလုံးကို ပယ်နယ်တီ ဧရိယာအတွင်းမှာရှိတဲ့ မိုရာတာက ညာခြေနဲ့ အပိုင်ပိတ်သွင်းသွားခဲ့တာပါ။
ပွဲရလဒ်
=====
အေစီမီလန် ၀-၁ ဂျူဗင်တပ်စ်
(မိနစ် ၉၀ ၀-၀၊ အချိန်ပိုတွင် ဂျူဗင်တပ်စ်နိုင်)
Credit – Eleven Sports
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment