မန်ယူအသင်းဟာနောဝစ်ခ်ျအသင်းကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့ပါတယ်။ ဒီနေ့ မှန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ် အစရှိတဲ့ကစားသမားတွေကို အသုံးမပြုခဲ့ဘဲ ဒီပိုင်း၊ ဟာရဲရား၊ လင်ဂတ်၊ မာတာနဲ့ အထောင်တိုက်စစ်မှာ ရွန်နီတို့ကို အသုံးပြုခဲ့ပါတယ်။ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းက မာရှယ်လ်နေရာမှာ ကစားခဲ့တဲ့ ဒီပိုင်းကတော့ ထင်သလောက် အရာမထင်ခဲ့ပါဘူး။ ဒီပွဲမှာ မာတာကအကောင်းဆုံးပုံစံကိုပြသခဲ့သလို၊ ရွန်နီကလည်း တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့အနိုင်ဂိုးကို ပွဲချိန် ( ၇၂)မိနစ်မှာ ရွန်နီရဲ့ဖန်တီးမှုမှတစ်ဆင့် မာတာကအပိုင်သွင်းယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နောဝစ်ခ်ျအသင်းက အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် ဂျရုန်းနဲ့ လူစားဝင်ကစားသမား အမ်ဘိုကာနီတို့ အဆုံးသတ်ညံ့ဖျင်းခဲ့လို့ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အဆင့် (၄)ကမန်စီးတီးအသင်းနဲ့ ပွဲတူအနေအထားမှာ ရမှတ် (၁)မှတ်သာ ကွာဟတော့ပါတယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment