ကိုအောင်သူ
-----/-----
မြန်မာအသင်းကိုကျွန်တော်စအားပေးတဲ့အချိန်ကနေအခုထိရှက်တယ်လို့တစ်ခါမှမပြောဖူးပါဘူး။ကျွန်တော်စွဲစွဲလန်းလန်းအားစပေးတဲ့အချိန်က မြန်မာအသင်းအင်ဒိုဆီးဂိမ်းမှာတတိယရရတဲ့နှစ်ကပါ။ အဲ့သည်နောက်ပိုင်းမြန်မာအသင်းဟာ အမြဲလိုလို အစီစဉ်တင်ဆက်သူက မြန်မာလူပေးတယ် လွဲတယ် လို့သာ ကြေညာသံကိုခဏခဏကြားနေခဲ့ရပါတယ်။ ပြိုင်ပွဲအများစုမှာလည်းမြန်မာအသင်းဟာ ပြိုင်ဘက်တွေကိုနိုင်ဖို့နေနေသာသာခြေရည်တူကစားနိုင်ဖို့နေနေသာသာဂိုးပြတ်ရှုံးတာကများပါတယ်။အခုကျွန်တော်တို့အသင်း အသင်းကြီးတွေကိုမာမာထန်ထန်တုန့်ပြန်ကစားနိုင်နေပါပြီ။အဲ့သည်လိုကစားနိုင်လာတာလည်းသိပ်မကြာသေးပါဘူး။အခုအသင်းကအရင်ထက်စာရင်အများကြီးကစားပုံတွေကောင်းလာပါပြီ။
အခုလိုကစားပုံကောင်းလာတာကိုကြည့်ရဖို့နှစ်ပေါင်းအတန်ကြာအောင်စောင့်ခဲ့တာပါ။ အရင်တုန်းကကစားပုံမကောင်းတာတောင်အများကြီးသည်းခံပြီးကြည့်လာခဲ့တာပါ။ အခုကစားပုံလေးအတန်ငယ်ကောင်းလာတာကိုပဲပီတိဖြစ်နေခဲ့တာပါ။ တစ်ချို့လူတွေ FB မှာ ပြောနေကြတယ် မြန်မာမနိုင်တာကိုတော်တော်ရှက်ဖို့ကောင်းပါသတဲ့။ FB နဲ့ TV ကိုကြည့်ပြီးရှက်နေတာလားတော့မသိ။ ရှက်စရာမလိုဘူးလို့ပြောချင်ပါတယ်။ စီးပွားရေးအင်အားတောင့်တင်းပြီး ဘောလုံးနဲ့ပတ်သတ်ရင်ငွေကြေးအမြောက်အများသုံးပြီး အရှေ့တောင်အာရှရဲ့အင်အားကြီးအသင်းတစ်သင်းကိုခြေအသာနဲ့ကစားနိုင်ခဲ့တာပါ။ကျွန်တော်တို့နိုင်ငံက ကလပ်အများစု သူတို့လိုငွေသုံးနိုင်ဖို့အသာထား လေ့ကျင့်ရေးကွင်းမရှိလို့ အချိန်လုပြီးလေ့ကျင့်ရ၊ တစ်ချို့အသင်းတွေဆို လေ့ကျင့်ရတဲ့ကွင်းက နွေမာ ဖုန်ထ မိုးမှာ ဗွက်ထနေတဲ့ကွင်းတွေပါ။ အဲ့သည်လို အခက်အခဲတွေကြားကနေ မလေးအသင်းကို ခြေအသာနဲ့ကစားနိုင်ခဲ့တာပါ။
ရှက်မယ်ဆိုရင်လည်း မှော်ဘီကနေ လေးနာရီကျော်ကြာ ကားအဆင့်ဆင့်စီးပြီး သုဝဏ္ဏအထိလာခဲ့တဲ့ကျွန်တော်တို့ကသာရှက်သင့်ပါတယ်။
ပရိတ်သတ်တွေပြန်သွားတဲ့အချိန်အထိကစားသမားတွေကို ၃ ရက်နေ့အနိုင်ကန်ဖို့ လှမ်းအားပေးပြီးမှပြန်လာခဲ့ပါတယ်။
စိတ်ဓာတ်မကျနဲ့မြန်မာ MYANMAR feeling hopeful.
Credit – Myanmar Football 12th Players
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment