Thursday, May 26, 2016

ဘာလော့တယ်လီ လီဗာပူး အသင်းသို့ပြန်လည်ရောက်ရှိ

အေစီမီလန်အသင်းကို အငှားချခံထားရတဲ့ လီဗာပူးတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် လီဗာပူးအသင်းကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ Sports mole သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိ ဘာလော့တယ်လီဟာ အေစီမီလန်အသင်းမှာ တစ်ရာသီလုံး ပွဲပေါင်း (၂၀) ပါဝင်ကစားခဲ့ပေမယ့် (၁) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ (၂၀၁၅-၂၀၁၆) ဘောလုံးရာသီမှာ အေစီမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာနဲ့ (၂၃) မှတ်ကွာဟခဲ့ပါတယ်။ ဘာလော့တယ်လီဟာ ယူရို (၂၀၁၆) ပြိုင်ပွဲအတွက် အီတလီအသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ ဘာလော့တယ်လီဟာ လီဗာပူးအသင်းမှာ ဘယ်တော့မှ ပျော်ရွှင်မှာမဟုတ်ဘူးလို့ ၀န်ခံပြောကြားခဲ့ဖူးပေမယ့် လာမယ့်နွေရာသီမှာတော့ လီဗာပူးအသင်းကို ပြန်ရတော့မှာဖြစ်ပါတယ်။ အေစီမီလန် ဥက္ကဌ ဆယ်လ်ဗီယို ဘာလူစကိုနီကလည်း အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အဲလက်စ်၊ ဖီလစ်ပီ မက်ဆက်စ် နဲ့ ကီဗင် ပရင့်စ် ဘိုဝါတန် တို့ဟာလည်း အခုနှစ်နွေရာသီမှာ သူတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းက ထွက်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဘာလော့တယ်လီဟာ လီဗာပူးအသင်းမှာ ကစားခဲ့ချိန်ကလည်း အသင်းအတွက် (၂၈) ပွဲပါဝင်ကစားပေးခဲ့ပြီး (၄) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အခုနှစ် အပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းနည်းပြ ဂျာဂန် ကလော့ပ်က ဘာလော့တယ်လီကို ထုတ်ရောင်းဖွယ်ရှိနေတယ်လို့ ကောလာဟာလသတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဘာလော့တယ်လီကို တူရကီနဲ့ တရုတ်ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment