Thursday, May 26, 2016

အဖိနှိပ်ခံအသင်းအဖြစ်လက်စတာယှဉ်ပြိုင်

လက်စတာစီးတီးအသင်းနည်းပြ ကလောဒီယို ရာနီရေရီက လက်စတာအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူထားနိုင်ပေမယ့် လာမယ့်နှစ်ဘောလုံးရာသီမှာတော့ အဖိနှိပ်ခံရမယ့် အသင်းအဖြစ် ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံကို ရယူခဲ့ပြီး ဒုတိယနေရာက အာဆင်နယ်အသင်းကိုလည်း (၁၀) မှတ်အထိဖြတ်နိုင်ခဲ့တာကြောင့် ဘောလုံးလောကကို အံ့အားသင့်စေခဲ့တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်ဘောလုံးရာသီမှာမန်ယူ၊မန်စီးတီး နဲ့ ချဲလ်ဆီးအသင်းတွေဟာ ချန်ပီယံဆုအတွက် ထိပ်ဆုံးအသင်းတွေနေရာမှာ ရပ်တည်ကြမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ လာမယ့်နှစ် ဘောလုံးရာသီကတော့ ထူးခြားတဲ့ နှစ်ဖြစ်လာမှာပါ။ဘာကြောင့်လဲဆိုရင် ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ရောက်လာမှာဖြစ်ပြီး၊ ကွန်တီနဲ့ မော်ရင်ဟိုတို့ဟာလည်း ပရီးမီးယားလိဂ်ကို ရောက်လာမှာဖြစ်ပါတယ်။အဲဒါကြောင့် လာမယ့်နှစ်ဘောလုံးရာသီဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကောင်းမွန်တဲ့ ဘောလုံးရာသီဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ အဖိနှိပ်ခံအသင်းအဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ နောင်နှစ်မှာလည်း ချန်ပီယံဆုကို ကာကွယ်ချင်ပါတယ်။ ချန်ပီယံဆုကိုကာကွယ်ဖို့အတွက် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေဖို့က ပိုပြီး အရေးကြီးတယ်။” လို့ ရာနီရေရီက ပြောကြားခဲ့ပါတယ်။လက်စတာစီးတီးအသင်းဟာ (၂၀၁၅-၂၀၁၆) ဘောလုံးရာသီမှာပွဲပေါင်း (၃၈) ပွဲကစားပြီး (၃) ပွဲသာရှုံးနိမ့်ခဲ့ဖူးတယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment