Saturday, May 7, 2016

အီတလီစီးရီးအေ ပွဲစဉ် ၃၇ ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် - အမ်ပိုလီ (၇-၅-၂၀၁၆ ည ၁၀း၃၀)
အမှတ်မလိုတဲ့ အသင်း (၂)သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး အင်တာမီလန်က အဆင့် (၄)နေရာမြဲဖို့ကစားရမှာပါ။ အဆင့်(၄)နေရာကလည်း ဒီပွဲနိုင်ရင် ရာနှုန်းပြည့်သေချာသွားပြီ။ ကစားရမှာက အိမ်ကွင်း။ လက်ရှိအိမ်ကွင်းရလဒ်တွေကလည်း ပုံစံကောင်းမှာရှိနေတယ်။ အမ်ပိုလီက အဝေးကွင်းမှာ နောက်ဆုံး (၅)ပွဲဆက်တိုက်ရှုံးထားတဲ့အသင်း။ အင်တာမီလန်အနိုင်သေချာတယ်။

ဘိုလော့ဂ်နာ - အေစီမီလန် (၈-၅-၂၀၁၆ ည ၁း၁၅)
အမှတ်လည်းမလို၊ မျှော်လင့်ချက်လည်းမရှိကြတော့တဲ့အသင်းတွေပါ။ လက်ရှိအနေအထားအရ နှစ်သင်းစလုံးရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းကလည်းအားရစရာမရှိဘူး။ ဘိုလော့ဂ်နာရဲ့အိမ်ကွင်းရလဒ်နဲ့ အေစီမီလန်ရဲ့အဝေးကွင်းရလဒ်ကဆိုးတယ်။ နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲစီပဲနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘိုလော့ဂ်နာကိုပဲရွေးချယ်ရမှာပါ။

Credit – eleven sport




အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment