Monday, May 2, 2016

ချယ်လ်ဆီးကို စပါးအသင်း သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်စတာအသင်း ပွဲမကုန်မီ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့

စပါးအသင်းသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို သရေသာ ကစားနိုင်ခဲ့သည့်အတွက် လက်ကျန်(၂)ပွဲအလိုတွင် လက်စတာအသင်းနှင့် (၇)မှတ်ကွာဟကာ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရသည်။

စပါးအသင်းသည် (၃၅)မိနစ်တွင် ဟာရီကိန်း၊ (၄၄)မိနစ်တွင် ဆွန်ဟောင်မင်တို့၏ဂိုးများဖြင့် ပထမပိုင်းတွင် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းအတွက် (၅၈)မိနစ်တွင် ကာဟေးလ်၊ (၈၃)မိနစ်တွင် ဟာဇက်တို့က ချေပဂိုးများ ပြန်လည်သွင်းယူခဲ့သည့်အတွက် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်စတာအသင်းက မန်ယူ၊ ဘလက်ဘန်း၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့၏နောက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်သည့် ဆဋ္ဌမမြောက်အသင်း ဖြစ်လာခဲ့သည်။

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့် ချယ်လ်ဆီး-စပါး ပွဲစဉ်ကို လက်စတာကစားသမားများက တိုက်စစ်မှူးဗာဒီ၏နေအိမ်တွင် စုဝေးကြည့်ရှုခဲ့ကြသလို၊ လက်စတာပရိသတ်များကလည်း စောင့်ကြည့်ခဲ့ကြပြီး ပွဲအပြီးတွင် အောင်ပွဲခံခဲ့ကြကြောင်းလည်း သိရှိရသည်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment