ရိုမေးနီးယား ကလပ် ဒိုင် နမို ဘူခါရက် အသင်းရဲ့ ကင် မရွန်း ကစားသမား ပက်ထရက် အီကန် ဟာ ယမန်နေ့ က ကစားခဲ့တဲ့ လိဂ်ပြိုင် ပွဲမှာ ကွင်းအတွင်း လဲကျခဲ့ပြီး ဆေးရုံ မှာ အသက် ဆုံး ရှုံးသွားခဲ့တယ် လို့ သိရပါ တယ် ။ ကွန် စတန် တာ အသင်းကို ၃-၂ နဲ့ အနိုင် ရရှိနေစဉ် မိနစ် ၆၉ မှာ လူစားလဲ ၀င် ရောက် လာခဲ့ပြီး ၇ မိနစ် အကြာမှာ ကွင်းအတွင်း လဲကျသွားခဲ့တာကြောင့် ဆေးအဖွဲ့က ဆေးရုံကို အမြန် ဆုံးပို့ဆောင်ပေးခဲ့ပါ တယ် ။ ဆရာဝန် တွေက တနာရီနီးပါး ကြိုးစားခဲ့ပေမယ့် သတိပြန် လည် လာခြင်းမရှိတော့ဘဲ အသက် သေ ဆုံးသွားခဲ့ရပါတယ် ။ ဒေသတွင်း မီဒီယာတွေက တော့ နှလုံးခုန် ရပ် တန့်သွားတာဖြစ်နိုင် တယ် လို့ ရေးသား ခဲ့ကြပေမယ့် ဘာအ ကြောင်းအရင်းကြောင့်ဆိုတာကို တရားဝင် ထုတ်ပြန် ခြင်း မရှိခဲ့သေးပါဘူး ။
အားကစားသမားတဦး ကြွေလွင့်သွားခဲ့ရပြန် ပါပြီ ။
Credit – sport myanmar
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment