ဗုံးအန္တရာယ်ကြောင့် ဖျက်သိမ်းခဲ့ရတဲ့ ဘုန်းမောက်နဲ့ပွဲစဉ်အတွက် ပရိသတ်တွေ အားလုံးကို မန်ယူအသင်းက ငွေပြန်အမ်းသွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်ပဲ အင်္ဂါနေ့မှာ ပြန်ကစားမယ့် အဲဒီပွဲစဉ်ကိုလည်း လက်မှတ်ဝယ်ထားပြီးသား ပရိသတ်တွေအတွက်အခမဲ့ ဝင်ခွင့်ပေးသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် အဝေးကွင်းကို လာရောက်အားပေးရတဲ့ ပရိသတ်တွေရဲ့ ကုန်ကျစရိတ်အတွက် ဘယ်လို ပြန်လည်စီစဉ်ပေးသွားမလဲဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။ မိုင်းပေါင်း ၂၅၀ လောက်အကွာအဝေးက လာခဲ့တဲ့အတွက် အသွားအပြန် မိုင်ပေါင်း ၅၀၀ ခရီးမှာ ပရိသတ်တွေ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ ပွဲစဉ်ကို တင်္နလာနေ့မှာ ပြန်ကစားဖို့ အစီအစဉ် မရှိတဲ့အတွက် ပရိသတ်တွေအားလုံး ညတွင်းချင်းပဲ ဘုန်းမောက်အသင်း အခြေစိုက်ရာ မြောက်ပိုင်းကို ပြန်သွားခဲ့ရပါတယ်။ ပရိသတ်အချို့ကတော့ မန်ယူအသင်းရဲ့ ပေါ့ဆမှုအတွက် စိတ်ပျက်နေကြပါတယ်။ အထူးသဖြင့် ခရီးဝေးက လာရတဲ့ ဘုန်းမောက်ပရိသတ်တွေက စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။
Credit –Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment