Saturday, May 7, 2016

လက် စတာ စီးတီး လာမယ့် ရာသီမှာလည်း ဥရောပ၀င် ခွင့် ရရှိလိမ့်မယ် လို့ မာတင် ကီယွန် ပြောဆို

၂၀၁၅-၁၆ ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် လက် စတာစီးတီး တို့ ချန်ပီယံဖြစ် သွားခဲ့ပါပြီ ။ ချန်ပီယံ ဆုရှင် နည်းပြကြီးအဖြစ် အမည် တွင်ပြီး နောက် ပထမဆုံးပြုလုပ် တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လာမယ့် ရာသီ လက် စတာ စီးတီး အသင်းရဲ့ ပစ် မှတ် ကို ရာနီရေးနီ က ပြောဆိုသွားခဲ့ပါတယ် ။ အဲ့ဒါက တော့ အဆင့် ၁၀ ၀င် ရေးဖြစ် ပါတယ် ။ ဒါပေမယ့် အာဆင် နယ် နဲ့ အင်္ဂလန် အသင်း ကစားသမားဟောင်း မာတင် ကီယွန် က တော့ လက် စတာစီးတီး အသင်းဟာ နောက် ရာသီ မှာလည်း ဥရောပ၀င် ခွင့်ရရှိအောင် စွမ်းဆောင် နိုင် ဦး မယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။

လက် စတာ စီးတီး ရဲ့ အံ့ဖွယ် အောင်မြင် မှု ဟာ တချိန် က ပရီးမီးယားလိဂ် အသင်းကြီးတွေကို ဖြတ် ကျော် ဗိုလ် စွဲခဲ့တဲ့ ဘလက် ဘန်း အသင်းရဲ့ ဖြစ် ရပ် နဲ့ ဆင် တူ နေတာပြီး မန်ယူ ၊ အာဆင် နယ် ၊ လီဗာပူး ၊ ချဲလ်ဆီး ၊ မန်စီးတီး တို့လို အသင်းကြီးအဖြစ် ကာလရှည် ရပ် တည် နိုင် ဖွယ် မရှိဘူးလို့ သုံးသပ် သူတွေ ရှိခဲ့ကြပါတယ် ။ ဒါပေမယ့် မာတင် ကီယွန် က တော့ နည်းပြ ရာနီရေးနီ ရဲ့ အသင်းဟာ ဖိအားတွေ ၊ ပွဲဆက် ကစားရမှုတွေကို ကျော် လွှားနိုင် လိမ့်မယ် လို့ ယုံကြည် ထားကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

“ရာနီရေးနီ က တော့ အဆင့် ၁၀ အတွင်းဝင် ရင် ကျေနပ်ပြီ လို့ ပြောသွားပါတယ် ။ ဒါပေမယ့် ကျွန်တော် က တော့ သူတို့ ထိပ် ဆုံး ၆ သင်းထဲ ၀င် ဦးမယ် လို့ ထင် ပါတယ် ။ သူတို့ဟာ လက် ရှိ ပရီးမီးယားလိဂ် မှာ အတည်ငြိမ် ဆုံး အစုအဖွဲ့ကို ပိုင် ဆိုင် ထားသလို အ ကောင်းဆုံးကွင်းလယ် အတွဲအဖက် ( ကန် တီ + ဒရင့် ၀ါးတား ) လည်း ရှိပါတယ် ။ ဒီတရာသီလုံးသူတို့အသင်းမှာ ကြီးကြီးမားမား ဒဏ် ရာမရခဲ့တာလည်း ချန်ပီယံ ဖြစ် စေတဲ့ အ ကြောင်းအရင် တရပ် လို့ ဆိုရမှာပါ ။ လာမယ့် ရာသီမှာ သူတို့ ချန်ပီယံလိဂ် ကစားရပါတော့ မယ် ။ ပြိုင် ပွဲ ၂ ခုအကြားအသင်းသားတွေ ကို ဟန် ချက် ညီအောင် ရာနီရေးနီး ထိန်းသိမ်းနိုင် ဖို့ လိုအပ် ပါတယ် ။ အခု ရာသီကလို ကစားကွက် အ သေ ၊ ကစားသမားစာရင်းအ သေ နဲ့ ကစားလို့ မဖြစ် တော့ပါဘူး ။ ဒါကြောင့် အသင်းသားစာရင်းကို အနည်းငယ် ပြောင်းလဲပြီး ကစားရမှာပါ ။ ဒီအရာကို လည်း သူတို့ ကျော် လွှားနိုင် မှာပါ ။ ရာနီ ရေးနီ မှာ လုံလောက် တဲ့ အ တွေ့အကြုံတွေ ရှိနေပါပြီ” လို့ မာတင် ကီယွန် က ပြောဆိုသွားခဲ့ပါတယ် ။

Credit – sport myanmar





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment