Wednesday, December 30, 2015

လက်စတာကို မန်စီးတီးအနိုင်ရခဲ့သင့်ဟုဆို

လက်ဆက်စတာစီးတီးနှင့် ပွဲစဉ်တွင် မိမိတို့ အနိုင်ရခဲ့သင့်ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက မချင့်မရဲ ပြောကြားခဲ့သည်။
ကင်းပါဝါကွင်းတွင် ကစားသည့် အမှတ်ပေးဇယားထိပ်ပိုင်း တိုက်ပွဲ၌ အနိုင်အရှုံး အဖြေမပေါ်ဘဲ ဂိုးမရှိသရေ ထွက်ပေါ်ခဲ့သော်လည်း ချီလီသား မန်နေဂျာကြီးက ခြေစွမ်းအရ မိမိတို့သည် အနိုင်နှင့် ပိုမိုထိုက်တန်ကြောင်း ပြောဆိုခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုးအများဆုံး ရရှိထားသည့် နှစ်သင်း ထိပ်တိုက် တွေ့ဆုံခြင်း ဖြစ်သော်လည်း အဆိုပါ ပွဲစဉ်တွင်မူ နှစ်သင်းလုံး ဂိုးပေါက်ပျောက်နေခဲ့သည်။ ဧည့်သည် မန်စီးတီးကမူ အခွင့်အလမ်းကောင်းများ ပိုမိုဖန်တီးနိုင်ခဲ့သည့်တိုင် ဂိုးဝင်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
ပယ်လီဂရီနီက “ကျွန်တော်ကတော့ လက်ဆက်စတာထက်စာရင် ကျွန်တော်တို့က ဒီပွဲကို အနိုင်ရလောက်တဲ့ထိ ပိုအားထုတ်ခဲ့တယ် ထင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ထိုးဖောက်ဂိုးသွင်းမှုတွေ အကုန်လုံး ပိုသာတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရ အရမ်းခက်တဲ့ အသင်းတစ်သင်းနဲ့ ပွဲကျပ်တစ်ပွဲ ကစားခဲ့ရတာပါ။ ကျွန်တော်တို့ ဒီကိုလာကစားတာ သရေအတွက် မဟုတ်ပါဘူး။ လက်ဆက်စတာကို အခွင့်အရေး လုံးဝ မပေးရအောင် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးကို ထိန်းချုပ်ထားရုံတင် မကဘဲ အနိုင်(၃)မှတ်အတွက် တစ်ပွဲလုံး အားထည့် ကစားခဲ့ပါတယ်”ဟု ပြောကြားသွားသည်

No comments:

Post a Comment