Thursday, December 24, 2015

အားကစားသတင်းတိုများ

အားကစား သတင်းတိုများ
Ø မန်ယူအသင်းနည်းပြဖြစ်သူ ဗန်ဟားလ်သည် အသင်း၏ ရလဒ်များဆိုးဝါးနေခြင်းနှင့်ပတ်သက်၍ အဖြေရှာရန်အတွက် ရွန်းနီ ၊ မာတာ ၊ စမောလင်း ၊ မိုက်ကယ်ကားရစ်တို့နှင့် တိုင်ပင်ခဲ့သည်။
Ø  လီဗာပူးလ်အသင်းခံစစ်ကစားသမား စကာတယ်သည် ၀က်ဖို့ဒ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ရခဲ့သည့် ဒဏ်ရာကြောင့် (၆) ပတ်တာမျှအနားယူရမည်ဟုသိရသည်။
Ø  အာဆင်နယ်အသင်းသည် အိုဇေးလ်ကို နှစ်ရှည်စာချူပ်ဖြင့် ခေါ်ယူရန် စီစဉ်လျက်ရှိ။
Ø  အိုဇေးလ်ကိုယ်တိုင်လည်း အာဆင်နယ်အသင်းအတွင် ဆက်လက်ရှိနေချင်ကြောင်းပြောဆို။
Ø  မန်ယူအသင်း၏ အနာဂတ်နည်းပြနေရာအတွက် ရိုင်ယန်ဂစ်ကိုထောက်ခံကြောင်း စတုတ်စီတီးအသင်းနည်းပြ မာ့ခ်ဟုခ်ျထောက်ခံပြောကြား။
Ø  အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်၏ ပွဲထွက်ကစားသမားစာရင်းတွင် မိမိပါဝင်ခဲ့သင့်သည်ဟု မန်စီးတီးတိုက်စစ်မှူး ၀ီးဖရစ် ဘိုနီပြောဆိုလိုက်ပြီး ဌင်း၏အနာဂတ်နှင့်ပတ်သက်၍ အပြောင်းအရွှေ့ကာလတွင် နည်းပြဖြစ်သူ ပယ်လီဂရီနီနှင့် ဆွေးနွေးမည်ဖြစ်ကြောင်းပြောဆို ။
Ø  ဖီဖာ၏ ပိတ်ပင်ခံရသော ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီသည် ပိတ်ပင်မှုကို အယူခံဝင်ရန် အားကစား အငြင်းပွားမှုဆိုင်ရာ ခုံရုံးတော်သို့ လျှောက်ထားနိုင်မည်မဟုတ်ကြောင်း ၎င်း၏ ရှေ့နေများက ပြောသည်။
Ø  လူတစ်ဦးအား ခြိမ်းခြောက်မှုပြုခဲ့သည်ဆိုသည့် စွဲချက်များထွက်ပေါ်ခဲ့သည့် နည်းပြနေးလ်လင်နွန်ကို ကလပ်အတွင်း စစ်ဆေးမှု ပြုလုပ်ပြီးနောက် နည်းပြရာထူးတွင် ဆက်လက်ထားရှိမည်ဟု ဘော်လ်တန် အသင်းက ထုတ်ပြန်သည်
Ø  အာဆင်နယ်အသင်းသည် အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့အား စာချုပ်သစ်ချုပ်ဆိုရေး လာမည့် မေလတွင် ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း နည်းပြဝင်းဂါးက ထုတ်ဖော်ပြောသည်
Ø  အက်စတွန်ဗီလာနည်းပြ ရမ်မီဂတ်က ပရီးမီးယားလိဂ်မှ တန်းမဆင်းရေး လက်ကျန် ၂၁ ပွဲတွင် ၁၀ ပွဲ အနိုင်ရရန်လိုကြောင်း ပြောဆိုသည်။
Credit - SKYNET SPORTS, 7Daydaily

No comments:

Post a Comment