အဲဗာတန်-လက်စတာ
(၁၉-၁၂-၂၀၁၅ ည ၉း၃၀ နာရီ)(SKY Net 3)
ယမန်နှစ်ရလဒ် > အဲဗာတန် ၂-၂ လက်စတာ
အဲဗာတန် အိမ်ကွင်းနိုင်ဖို့ ခက်ခဲပြီး ခြေတက်နေတဲ့ လက်စတာတို့ကို ခံစစ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒါပေမဲ့ အဲဗာတန် အိမ်ကွင်းမာကျောတာကြောင့် အနိမ့်ဆုံး သရေသာ ရနိုင်ပြီး လက်စတာ ကပ်နိုင်ဖို့ပဲ ရှိတဲ့ပွဲပါ။
မန်ယူ-နောဝစ်ခ်ျ
(၁၉-၁၂-၂၀၁၅ ည ၉း၃၀ နာရီ) (SKY Net 6, HD)
ယမန်နှစ်ရလဒ် > မန်ယူ ၄-၀ နောဝစ်ခ်ျ
မန်ယူရလဒ်တွေ တောက်လျှောက်ဆိုးနေဆဲဖြစ်ပြီး နောဝစ်ခ်ျနဲ့ ပွဲဟာ ရုန်းကန်ရမယ့် အိမ်ကွင်းပွဲဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံကောင်းတဲ့ နောဝစ်ခ်ျတို့ တန်ပြန်တိုက်စစ်နဲ့ ကစားနိုင်ပြီး မန်ယူသရေ သို့မဟုတ် အမြင့်ဆုံး တစ်ဂိုးအသာပဲ ကပ်နိုင်မယ့်ပွဲမျိုးပါ။ ယမန်နှစ်က ရလဒ်မျိုးရဖို့ မရှိပါ။
ချယ်လ်ဆီး-ဆန်းဒါးလန်း
(၁၉-၁၂-၂၀၁၅ ည ၉း၃၀နာရီ) (SKY Net 5)
ယမန်နှစ်ရလဒ် > ချယ်လ်ဆီး ၃-၁ ဆန်းဒါးလန်း
ချယ်လ်ဆီးက လက်စတာနဲ့ ကစားပြီးနောက် တန်းဆင်းဇုန်ထဲက ဆန်းဒါးလန်းကို အိမ်ကွင်းကစားရတာ ဖြစ်ပေမယ့် အပေါ်စီးကနေ ဂိုးများဖို့ မမျှော်လင့်နိုင်ဘူး။ ချယ်လ်ဆီး အမြင့်ဆုံးတစ်ဂိုးနဲ့ ပွဲပြီးဖို့ များတယ်။
ဝက်စ်ဘရွန်းနှင့် ဘုန်းမောက်
(၁၉-၁၂-၂၀၁၅ စနေ ည ၉း၃၀ MUTV)
နောက်ဆုံးတွေ့ဆုံမှု > မရှိ
ဝက်စ်ဘရွန်းက ဒီဇင်ဘာလအတွင်း ၂ပွဲမှာ စပါးနဲ့ လီဗာပူးလ်တို့လို အသင်းကြီးတွေကို သရေကစားနိုင်ခဲ့တယ်။ ဒါပေမယ့် မှတ်တမ်းတွေအရတော့ ၀က်စ်ဘရွန်းက လက်ရှိ ပရီးမီးယားလိဂ်အသင်း တွေထဲမှာ ဒီဇင်ဘာမှတ်တမ်း အဆိုးဆုံးပါ။ ပွဲ၅၀မှာ ၁၀ပွဲသာနိုင်ခဲ့ပြီး ၁ပွဲ ပျမ်းမျှ ၀ ဒသမ ၈၆ မှတ်သာရရှိခဲ့ပါတယ်။ သရေပွဲလိုဘဲ ထင်မိတယ်။
စတုတ်စီးတီး နှင့် ခရစ္စတယ်ပဲလေ့စ်
(၁၉-၁၂-၂၀၁၅ စနေ ည ၉း၃၀ Sky Net 4)
ယမန်နှစ်ရလဒ် > စတုတ်စီးတီး ၁-၂ ခရစ္စတယ်ပဲလေ့စ်
ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲ တွေ့ဆုံမှုမှာ ဂိုးအရင်သွင်းနိုင်တဲ့ သူက အနိုင်ရခဲ့ပါတယ်။ဒီတော့ ဦးဆောင်ဂိုးက အရေးကြီးလာတယ်။ ဒါပေမယ့် နောက်ဆုံး ၉ပွဲမှာ Clean Sheet ၇ပွဲရတဲ့ စတုတ်စီးတီး ခံစစ်ကို ခရစ္စတယ်ပဲလေ့စ် ဂိုးသွင်းဖို့ ခက်ခဲနိုင်ပါတယ်။ အိမ်ကွင်းမှာ မန်စီးတီး ချလ်ဆီးတို့ကိုနိုင်ထား တဲ့ စတုတ်စီးတီးဘဲ ကြိုက်တယ်။
ဆောက်သမ်တန်နှင့် စပါး
(၁၉-၁၂-၂၀၁၅ စနေ ည ၁၂း၀၀ Sky Net 1)
ယမန်နှစ်ရလဒ် > ဆောက်သမ်တန် ၂-၂ စပါး
ပြီးခဲ့တဲ့ ပွဲစဉ်မှာ စပါး ပထမဆုံးရှုံးပွဲ ကြုံတွေ့သွားပါတယ်။ ဒါပေမယ့် ၄ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဆောက်သမ်တန် ထက်တော့ ကောင်းနေဆဲပါ။ ဆောက်သမ်တန် နဲ့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ ၆ပွဲမှာလည်း စပါးရှုံးပွဲမရှိခဲ့ဘဲ ၅ပွဲအထိ အနိုင်ရခဲ့ပါတယ်။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ဧည့်သည် စပါးကို ပိုကြိုက်ပါတယ်။
နယူးကာဆယ် နှင့် အက်စတွန်ဗီလာ
(၁၉-၁၂-၂၀၁၅ စနေ ည ၁၂း၀၀ Sky Net 6, HD)
ယမန်နှစ်ရလဒ် > နယူးကာဆယ် ၁-၀ အက်စတွန်ဗီလာ
နယူးကာဆယ်က မထင်မှတ်ဘဲ ခြေပြန်တက်လာတယ်။ ပုံစံကောင်းရနေတဲ့ လီဗာပူးလ်နဲ့ စပါးတို့ကို ဆက်တိုက်အနိုင်ကစားခဲ့တယ်။ ဗီလာကတော့ တန်းဆင်းဖို့ ပိုမိုနီးစပ်လာပြီး နည်းပြ ရီမီဂတ်လည်း ဘာမှမတတ်နိုင်ဖြစ်နေတယ်။ ပရီးမီးယားလိဂ်မှာ ၈ပွဲဆက် မရှုံးခဲ့တဲ့ နယူးကာဆယ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။
Credit – 7Daydaily, The Daily Eleven Newspaper
No comments:
Post a Comment