ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဒီဇင်ဘာအတွင်း ထုတ် ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည်ပြီးခဲ့သည့်စက်တင်ဘာက နောက်ဆုံးထုတ်ပြန်ခဲ့သောကမ္ဘာ့အဆင့်သတ်မှတ်ချက်ထက် မြင့်တက်ကာ ကမ္ဘာ့အဆင့် ၄၄ ၌ ရပ်တည်နေသည်။
ဒီဇင်ဘာ တတိယပတ်အ တွင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအမျိုးသမီးအသင်းသည် ရ မှတ် ၁၅၃၃ မှတ်ရရှိကာ စက်တင် ဘာအတွင်းက ရရှိထားသည့် ကမ္ဘာ့အဆင့် ၄၇ ထက် သုံးဆင့် မြင့်တက်သွားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းသည် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲအ ဖြစ် ပြီးခဲ့သည့် စက်တင်ဘာအ တွင်း၌ ၂၀၁၆ အိုလံပစ်အမျိုးသ မီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခဲ့ရာ တရုတ်(တိုင် ပင်)နှင့် ဂျော်ဒန်အသင်းကို အနိုင် ရရှိခဲ့သော်လည်း ထိုင်းနှင့်ဗီယက် နမ်အသင်းများကို ရှုံးနိမ့်ခဲ့သည်။
ဒီဇင်ဘာအဆင့်သတ်မှတ် ချက်အရ မြန်မာအမျိုးသမီးဘော လုံးအသင်းသည် အရှေ့တောင် အာရှနိုင်ငံများတွင် တတိယနေ ရာနှင့် အာရှနိုင်ငံများတွင် အ ဆင့် ၁၀ နေရာ၌ ရပ်တည်နေ သည်။
အရှေ့တောင်အာရှ နိုင်ငံ များတွင် ဗီယက်နမ်အမျိုးသမီး အသင်းက ကမ္ဘာ့အဆင့် ၂၉ ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်ထားပြီး ထိုင်းအမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၃၀၊ အင်ဒိုနီးရှားအသင်း က ၇၇၊ ဖိလစ်ပိုင်အသင်းက ၈၀၊ လာအိုအသင်းက ၈၈၊ မလေးရှား အသင်းက ကမ္ဘာ့အဆင့် ၉၀ တို့၌ အသီးသီးရပ်တည်နေသည်။
ကမ္ဘာ့နိုင်ငံများတွင် အမေရိ ကန်အမျိုးသမီးအသင်းက ကမ္ဘာ့ အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊အင်္ဂလန်၊ မြောက်ကိုရီးယား၊ ဘရာဇီး၊ ဆွီ ဒင်၊ သြစတြေးလျ၊ နော်ဝေးအ သင်းများက အစဉ်လိုက်ရပ်တည် နေသည်။
ဖီဖာသည် လက်ရွေးစင်အ မျိုးသား ဘောလုံးအသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ကို လစဉ်ထုတ်ပြန်သော်လည်း အမျိုးသမီးဘောလုံးအသင်းများ ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် များကိုမူ တစ်နှစ်လျှင် လေးကြိမ် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။Credit – 7day daily
No comments:
Post a Comment