Wednesday, December 2, 2015

လိဂ်ဖလားဗိုလ်လုပွဲဆီမီးဖိုင်နယ်တတ်ရောက်သောအသင်းများ


ဗုဒ္ဓဟူးနံနက် အစောပိုင်း အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲများ ကစားခဲ့ရာ ပရီးမီးယားလိဂ် အသင်းများဖြစ်သည့် မန်စီးတီး၊ အဲဗာတန်၊ စတုတ်စီးတီးတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပြီး ကိုပါအီတာလီယာတွင် မီလန်မှာ စီးရီးဘီမှ ခရွန်တိုနီကို နိုင်ကာ နောက်ဆုံး (၁၆)သင်းအဆင့်သို့ တက်ခဲ့ကာ စပိန်ကိုပါဒယ်ရေး ဖလားပွဲတွင် အက်သလက်တီကိုက ရုစ်ဒီပို့တီဗိုကို (၁၆)သင်း ရှုံးထွက်ပွဲစဉ်၌ ပထမအကျော့ အဝေးကွင်း နိုင်ပွဲရခဲ့သည်။

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးသည် အိမ်ကွင်းတွင် ဟူးလ်စီးတီးကို ၄-၁ ဂိုးပြတ် ဖြင့် နိုင်ခဲ့ရာ တိုက်စစ်မှူး ဘွန်နီ၊ ဒီဘရိုင်နီတို့ ဂိုးများပါဝင်ခဲ့ပြီး လူစားဝင်လာသည့် တိုက်စစ်မှူး အီဟီယန်နာချိုကပါ တစ်ဂိုး သွင်းနိုင်ခဲ့သည်။

အဲဗာတန်သည်လည်း အဝေးကွင်းတွင် ပထမတန်း ချန်ပီယံရှစ်မှ မစ်ဒယ်ဘရော့ကို ဒီလိုဖျု၊လုကာကူတို့ သွင်းဂိုးများဖြင့် ပထမပိုင်းတွင် နှစ်ဂိုးပြတ်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင်မူ နှစ်သင်းစလုံး ဂိုးမရဘဲ အဲဗာတန် ဆီမီးတက်ခဲ့သည်။

စတုတ်က ချန်ပီယံရှစ်အသင်းဖြစ်သော ရှက်ဖီးလ်အသင်းကို အိမ်ကွင်းတွင် အဖဲလေး၊ ဘာ့ဒ်စလေတို့ ဂိုးများဖြင့် နိုင်ခဲ့ပြီး ၂-၀ ဂိုးဖြင့် ဆီမီးတက်ခဲ့သည်။

ကိုပါအီတာလီယာတွင် မီလန်သည် အက်ဒရီယာနို သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ သော်လည်း စီးရီးဘီအသင်း ခရွန်တိုနီက ချေပဂိုး ပြန်သွင်း၍ တစ်ဂီုးစီ သရေကျနေကာ အချိန်ပိုတွင်မှ ဘိုနာဗန်တူရာ၊ နီယန်းတို့ သွင်းဂိုးများဖြင့် ၃-၁ ဂိုးဖြင့် နိုင်ခဲ့သည်။

ထို့အတူ စပိန်ကိုပါဒယ်ရေးတွင်လည်း အက်သလက်တီကိုက တတိယတန်း ဆီဂန်ဒါဘီမှ နံပါတ် (၁) ရီးယပ်စ်ဒီပို့တီအူကို အဝေးကွင်းတွင် ပထမပိုင်းဂိုးသွင်း ခံထားရသော်လည်း ဗီယက်တို၊ ဆောလ်တို့ သွင်းဂိုးများဖြင့် ပွဲအ ပြီး ၂-၁ ဂိုးဖြင့် နိုင်ခဲ့သည်။

Credit : 7Day Daily

No comments:

Post a Comment