ဘရစ်တန်နီးယားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ တွင် မန်ယူအသင်းသည် စတုခ်စီးတီးအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ထိုပွဲအရှုံးသည်မန်ယူအသင်းအတွက် လေးပွဲဆက်တိုက်ရှုံးနိမ့်မှုဖြစ်ပြီး ၅၄ နှစ်အတွင်း အဆိုးရွားဆုံး ရလဒ်ဖြစ်သွားခဲ့သည်။ ၁၉၆၁ ခုနှစ်က စတင်ပြီး ယခုအချိန်အထိ မန်ယူအသင်းသည် တစ်ရာသီအတွင်း လေးပွဲဆက်တိုက် ရှုံးနိမ့်ခြင်း မရှိခဲ့ဖူးပေ။ မန်ယူအသင်းသည် ၀ုဖ်ဘတ်၊ ဘုန်းမောက်၊ နောဝှစ်ခ်နှင့် စတုခ်စီးတီးတို့ကိုဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံးခုနှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးလျက်ရှိသည်။
ထို့ကြောင့် နည်းပြဗန်ဟားလ်မှာ ဖိအားများအောက် ပိုမိုရောက်ရှိသွားခဲ့ရပြီး ၎င်းကိုယ်တိုင် နုတ်ထွက်နိုင်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
'ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်နဲ့ ဆွေးနွေးသွားမှာပါ။ ကျွန်တော်နည်းပြခဲ့တဲ့ အသင်းတွေမှာ အသင်းက ကျွန်တော့်ကိုစပြီး ဖြုတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
ကျွန်တော်ကိုယ်တိုင် တစ်ခုခုလုပ်မှာပါ။ ပထမဆုံး မန်ယူအသင်း ဘုတ်အဖွဲ့၊ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ စကားပြောဆိုသွားမှာပါ' ဟု ဗန်ဟားလ်က ပြောသည်။
ထို့အပြင်ဗန်ဟားလ်ကဘုတ်အဖွဲ့နှင့်ကစားသမားများ၏ ထောက်ခံမှုကို ရရှိနေဆဲဟု ခံစားရကြောင်းဆိုခဲ့ပြီး လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရသည့်အတွက်ပရိသတ်များစိတ်ပျက်နေမည်ဖြစ်သော်လည်း ထိုရလဒ်များမှာ ယုတ္တိတန်ကြောင်း ပြောသည်။
လာမည့်အပတ်တွင် မော်ရင်ဟိုကို မန်ယူအသင်းက နည်းပြအဖြစ် ခန့်အပ်တော့မည်ဆိုသောသတင်းများလည်းထွက်ပေါ်လျက်ရှိသည်။
Credit – hyper sport
No comments:
Post a Comment