Thursday, December 3, 2015

တစ်ယောက်အလျော့ခံကစားခဲ့တဲ့ဘာစီိလိုနာ

အသင်း၏ ကြယ်ပွင့် ကစားသမားများကို အထိခိုက် မခံလိုခြင်းကြောင့် ဘာစီလိုနာသည် တစ်ယောက်လျော့ အနေအထားဖြင့် ရည်ရွယ်ချက်ရှိရှိ ကစားသွားခဲ့ကြောင်း သိရသည်။
ကိုပါဒယ်လ်ရေး ပွဲစဉ်အဖြစ် နူးကမ့်တွင် ဗီလာနိုဗန်စီ အသင်းကို လက်ခံ ယှဉ်ပြိုင်ရာတွင် အိမ်ရှင် ဘာစီလိုနာ (၆-၁)ဖြင့် ဦးဆောင်လျက် ရှိသည်။ ထိုအချိန်တွင်နောက်ခံလူ ဂျရမီ မက်သီရူ ထိခိုက်ဒဏ်ရာ ရသွားရာ နည်းပြ လူးဝစ် အန်ရီကေး အနေဖြင့် လူစားလဲလှယ်ရန် လိုအပ်လာသည်။ သို့သော်လည်း အန်ရီကေးက အရန်ခုံတွင် ရှိနေသည့် နေမာ၊ လူးဝစ်ဆွာရက်ဇ်နှင့် အန်းဒရက်စ် အင်နီယေစတာတို့ သုံးဦးစလုံးကို ထည့်သွင်း အသုံးပြုရန် ဆန္ဒမရှိခဲ့ချေ။ ထို့ကြောင့် လူစားလဲခြင်း မပြုဘဲ မက်သီရူကို ထွက်ခွာစေကာ (၁၀)ယောက်ကျန် အနေအထားဖြင့် (၁၀)မိနစ်မျှ ဆက်လက် ကစားစေခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာ၏ လုပ်ရပ်သည် ပြိုင်ဘက်အပေါ် မလေးမစား ပြုမူရာ ရောက်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ထိုနှစ်သင်း ပထမအကျော့အဖြစ် အိတ်စထရာမာဒါရူတွင် ယှဉ်ပြိုင်ခဲ့စဉ်က ဂိုးမရှိ သရေကျခဲ့သည်။ ဗီလာနိုဗန်စီနည်းပြ ဂျူလီယို ကိုဘော့စ်က “ဒါဟာ လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်ပါပဲ။ သူတို့နည်းပြမှာ ကိုယ်ပိုင် အကြောင်းပြချက်တော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ အဲဒီပွဲမှာ (၂-၁)လောက်သာ ဖြစ်နေရင်တော့ သူက အပြောင်းအလဲ လုပ်ပါလိမ့်မယ်။ ကျွန်တော်ဆိုလည်း လူစားလဲမှာပဲ”ဟု ဆိုသည်။
အန်ရီကေးက ၎င်း၏ ဆုံးဖြတ်ချက်ကို ဖြေရှင်းခဲ့ရာတွင် “မက်သီရူကို ဆက်ကစားခိုင်းပြီး အရဲမစွန့်ချင်တော့လို့ ကျွန်တော်က ကွင်းပြင် ထုတ်လိုက်တာပါ။ ရာသီဥတုက အေးတယ်။ အရန်ခုံပေါ်က ကစားသမားတွေက သွေးမပူသေးဘူး။ ဒါကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။
တကယ်လို့ တစ်ယောက်ယောက်ကို ထိခိုက်စေသလို ဖြစ်သွားရင် ကြယ်ပွင့်ကစားသမားများ အထိခိုက် မခံလိုသဖြင့် တစ်ယောက် အလျော့ခံ ကစားခဲ့သည့် ဘာစီလိုနာအသင်း၏ ကြယ်ပွင့် ကစားသမားများကို အထိခိုက် မခံလိုခြင်းကြောင့် ဘာစီလိုနာသည် တစ်ယောက်လျော့ အနေအထားဖြင့် ရည်ရွယ်ချက်ရှိရှိ ကစားသွားခဲ့ကြောင်း သိရသည်

No comments:

Post a Comment