Friday, December 11, 2015
ဆော်ပေါ်လိုအသင်းနိင်လို့ကတိအတိုင်းအဝတ်ချွတ်ပြတဲ့အလှမယ်
ဘရာဇီးအလှမယ်တစ်ဦးက သူအားပေးတဲ့ ဆော်ပေါ်လိုအသင်းနိုင်လို့ ကတိအတိုင်း အဝတ်တွေ ချွတ်ပြလိုက်ပါပြီ။ ကိုပါလီပါတေဒိုးပြိုင်ပွဲအတွက် ဆော်ပေါ်လိုရဲ့ အရေးကြီးပွဲစဉ်မှာ အသင်းအနိုင်ရရင် အဝတ်အစားချွတ်ပြပြီး ဓာတ်ပုံရိုက်မယ်လို့ ကတိပေးခဲ့တဲ့ ဘရာဇီးအလှမယ်က အခုတော့ ကတိအတိုင်း လုပ်လိုက်ပါပြီ။ အသင်းပရိသတ်တွေလည်း အကျေနပ်ကြီး ကျေနပ် နေကြပါတယ်။ ဆော်ပေါ်လိုအသင်းက ပြိုင်ဘက် ဂိုအီအာ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာ ဆော်ပေါ်လိုအသင်းက တစ်လုံးတည်းသော ဂိုးနဲ့ ကပ်နိုင်သွားတာ ဖြစ်ပါတယ်။ ကတိပေးထားတဲ့ ဆော်ပေါ်လိုအသင်း အလှမယ်က ၂၀၁၅ ခှုနှစ် Miss BumBum ပြိုင်ပွဲမှာ အလှမယ်ဆုရထားသူ ဖြစ်ပါတယ်။ တင်သားလှတဲ့ အမျိုးသမီးတွေကို အလှမယ်အဖြစ် တင်မြှောက်တဲ့ပွဲပါ။ အလှမယ်ရဲ့ ကတိစကားကြောင့် ဆော်ပေါ်လိုအသင်းကတော့ တကယ်နိုင်အောင် ကစားသွားပါပြီ။ အလှမယ် ဆူဇီကောတက်ဇ် ရဲ့ အဝတ်အစားမကပ်တဲ့ ဓာတ်ပုံတွေလည်းထွက်လာပါပြီ။
Credit –Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment