Friday, December 25, 2015

မော်ရင်ဟိုရောက်လာရင်အသင်းပြောင်းပေးရဲ့မဲ့မန်ယူကစားသမား5ဦး

မ်ာရင်ဟိုရောက်လာရင် ချက်ခြင်းအထုတ်အပိုးပြင်ပြီး အသင်းပြောင်းရနိုင်တဲ့ မန်ယူကစားသမား အချို့ရှိပါတယ်။နည်းပြဗန်ဟားလ်ခေတ်အလွန်မှာ မန်ယူအသင်းရဲ့ နည်းပြသစ်ဟာ မော်ရင်ဟိုသာ ဖြစ်လိမ့်မယ်ဆိုတာ အတော်နီးစပ်နေတဲ့ ကိစ္စတစ်ခုပါ။ တကယ်တမ်းမှာလည်း မန်ယူက နည်းပြဗန်ဟားလ်ကို စောင့်ကြည့်ရတဲ့ အဆင့်ကိုရောက်နေပြီဖြစ်ပြီး လာမယ့် စတုတ်စီးတီး၊ ချယ်လ်ဆီးနဲ့ပွဲမှာ နိုင်ပွဲမရခဲ့ရင် ချက်ခြင်းလမ်းခွဲတော့မယ့် အခြေအနေပါ။
မော်ရင်ဟို မန်ယူရောက်လာခဲ့ရင်မန်ယူအသင်း ဘယ်လိုလူစာရင်းနဲ့ပွဲထွက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့အပြင် ဘယ်ကစားသမားတွေ အသင်းက ထွက်သွားရမလဲဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။ မော်ရင်ဟို အိုးထရက်ဖို့ဒ်ကို ရောက်လာတဲ့အခါ အသင်းကထွက်သွားနိုင်ချေရှိတဲ့ ကစားသမားတွေ ခန့်မှန်းကြည့်တဲ့အခါ……
၁။ မာတာ

မော်ရင်ဟိုလက်ထက်မှာတုန်းက ချယ်လ်ဆီးက မလိုချင်လို့ ရောင်းထုတ်လိုက်တဲ့မာတာဟာ မော်ရင်ဟို မန်ယူရောက်လာရင်လည်း ပြန်ရောင်းခံရဖို့သာ များပါတယ်။
၂။ ဖယ်လိုင်နီ

ဖယ်လိုင်နီရဲ့ ကစားပုံနဲ့ မော်ရင်ဟိုရဲ့ ကစားကွက်ဟာ ဘယ်နေရာမှာ အံမဝင်နိုင်လောက်ဘူးလို့ သုံးသပ်ကြပါတယ်။ မော်ရင်ဟိုရောက်မလာခင်ကတည်းက မန်ယူရဲ့ ကစားကွက်နဲ့ အံဝင်ဖို့ အတော်ရုန်းကန်နေရသူပါ။
၃။ ဒါလေဘလင်း

နည်းပြဗန်ဟားလ်ကြောင့်သာ ဒါလေဘလင်းက မန်ယူကို ရောက်လာခဲ့တာပါ။ ဗဟိုနောက်ခံလူ၊ ဘယ်နောက်ခံလူ အဖြစ်ကစားနိုင်သူဖြစ်ပြီး ဟော်လန်မှာတော့ အထူးခြေစွမ်းပြနိုင်သူပါ။ ဒါပေမယ့် မော်ရင်ဟိုရောက်လာရင် အရန်ပို့ခံရမယ့်စာရင်းထဲမှာ ထိပ်ဆုံးက ပါနိုင်ပါတယ်။
၎။ ဖီးလ်ဂျုံးစ်

ဖာဂူဆန်က မန်ယူရဲ့ မရှိမဖြစ်နောက်ခံကစားသမား တစ်ဦးဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ပြီး ခေါ်ခဲ့တဲ့ ဖီးလ်ဂျုံးစ်က အခုထိတော့ ထိုက်တန်တဲ့ အရည်အသွေး မပြနိုင်သေးပါဘူး။ မော်ရင်ဟိုက မန်ယူရောက်လာတာနဲ့ အဲဗာတန်က ဂျွန်စတုန်းကိုခေါ်ပြီး ဖီးလ်ဂျုံးစ်ကို ရောင်းပစ်ဖို့သာ များပါတယ်။
၅။ ရိုမီယို

ဂိုးသမားရိုမီယိုက ဒီဂီယာကို ရောင်းဖြစ်ခဲ့ရင် အစားထိုးဖို့အတွက် ခေါ်ယူခဲ့တဲ့ ကစာသမားဖြစ်ပါတယ်။ မော်ရင်ဟို ရောက်လာရင်တော့ ရိုမီယိုလည်း မန်ယူမှာ ကြာကြာရှိနေမယ့် ကစားသမား မဖြစ်နိုင်ပါဘူး။
Credit – Duwun

No comments:

Post a Comment