(၈)ကြိမ်မြောက်
MerlionCup နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ (၂၉) ရက်နေ့မှ(၃၁)ရက်နေ့အထိစင်္ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်သွားမည့်(၈)ကြိမ်မြောက်MerlionCup နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းမှပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ကျင်းပပြုလုပ်မည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်စင်္ကာပူလက်ရွေးစင်အသင်း၊ မြန်မာလက်ရွေးစင် အသင်း၊ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းဂရင်းလန်းရှင်ဟွာ အသင်း နှင့် ဂျပန်ဂျေလိဂ်ကလပ် ယိုကို ဟားမားမာရီနို့စ်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထို့အပြင်နာမည်ကြီး ကစားသမားများဖြစ်သည့် တင်မ်ကာဟေး၊ ဒမ်ဘာဘား ၊ မိုဟာမက်ဆစ်ဆိုကို၊ နာကာမူရာ၊ နာကာဇာဝါ အစရှိသည့် နာမည်ကျော် ကစားသမားများ ပါဝင်လာမည်ဖြစ်သည်။
Merlion Cup ပြိုင်ပွဲကို ၁၉၈၂ မှ ၁၉၈၆ အထိ နှစ်စဉ်ကျင်းပခဲ့ကာ (၅)နှစ်အကြာတွင်ရပ်နားခဲ့ပြီး၁၉၉၂ နှင့်၂၀၀၉တွင် ပြန်လည်ကျင်းပခဲ့သည်။ ယခုနှစ်ပြိုင်ပွဲကို စင်ကာပူ ဘောလုံးအဖွဲ့ချုပ် (FAS) နှင့် MP & Silva ကုမ္ပဏီတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
Credit –Duwun
No comments:
Post a Comment