ပရီမီယာလိဂ်ပွဲစဉ် (၁၉)ကိုလာမယ့် ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာပွဲစဉ်နဲ့ နီးကပ်နေတာကြောင့် အသင်းတွေအနေနဲ့ ပွဲပန်းမှုတွေ ရှိနေနိုင်ပါတယ်။ ဒီပွဲစဉ်မှာတော့ မန်ယူနဲ့ ချယ်လ်ဆီး ဆုံတွေ့နေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလာမှာ သေချာနေပါတယ်။
နောဝှစ်ခ်ျ-ဗီလာ (၂၈-၁၂-၁၅) ည ၉း၁၅
နောဝှစ်ခ်ျခြေစွမ်းက မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ မန်ယူကို အဝေးကွင်းပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံးလေးပွဲမှာ အရှုံးတစ်ပွဲသာရှိတယ်။ ဒီလိုပွဲမျိုးမှာလည်း တန်းမဆင်းရဖို့ နောဝှစ်ခ်ျအမှားခံမှာ မဟုတ်ပါဘူး။ ဗီလာရဲ့ခြေစွမ်းကလည်း အမှားအယွင်းတွေ များနေတာကြောင့် နောဝှစ်ခ်ျ အနိုင်ရဖို့ သေချာပါတယ်။
ဝက်စ်ဘရွန်း-နယူးကာဆယ် (၂၈-၁၂-၁၅) ည ၉း၃ဝ
နယူးကာဆယ်ရဲ့ အခုနောက်ပိုင်း ရုန်းအားက ကောင်းမွန်နေတယ် လို့ ဆိုနိုင်ပါတယ်။ ဗီလာနဲ့သရေကျခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံးသုံးပွဲဆက် မရှုံးခဲ့ပါဘူး။ ဝက်စ်ဘရွန်းကတော့ အခုနောက်ပိုင်း ကစားပုံအနည်းငယ် ကျဆင်းနေပါတယ်။ ဒါပေမယ့် ဝက်စ်ဘရွန်းကွင်း ဖြစ်နေတာကိုတော့ သတိပြုရမယ်။ သရေပွဲပါ။
အဲဗာတန်-စတုတ် (၂၈-၁၂-၁၅) ည ၉း၃ဝ
အဲဗာတန်က ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေပါတယ်။ ဒါပေမယ့် အသင်းလိုက် ကစားပုံကတော့ ကောင်းနေဆဲဖြစ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် အားစိုက် ကစားလာဖို့ ရှိနေပါတယ်။ စတုတ်ကတော့ ခြေစွမ်းတည်ငြိမ်မှု အားနည်းနေပါတယ်။ အဲဗာတန် အိမ်ကွင်းမှာ ကပ်နိုင်သွားမှာပါ။
ပဲလေ့စ်-ဆွမ်ဆီး (၂၈-၁၂-၁၅) ည ၉း၃ဝ
ပဲလေ့စ်ခြေစွမ်း တောက်လျှောက် တည်ငြိမ်လာပါတယ်။ စတုတ်ကိုနိုင်ခဲ့တဲ့ ပွဲအပါအဝင် နောက်ဆုံးလေးပွဲမှာ အရှုံးမရှိ သုံးပွဲ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ်ကလည်း အိမ်ကွင်းဖြစ်တာကြောင့် ပဲလေ့စ်တို့ အားစိုက်ကစားဦးမှာပါ။ ဆွမ်ဆီးက အသင်းလိုက် ခြေတက်လာပေမယ့် ထိုးစစ်ပိုင်း အားနည်းနေပါတယ်။ ပဲလေ့စ်ပဲ ကပ်နိုင်မယ်။
ဝက်ဖို့ဒ်-စပါး (၂၈-၁၂-၁၅) ည ၉း၃ဝ
ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ စပါးရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဟယ်ရီကိန်း၊ လာမယ်လာ၊ အဲရစ်ဆင်တို့ ခြေစွမ်းပြနေလို့ ထိုးဖောက်အားလည်း ကောင်းမွန်နေပါတယ်။ ဝက်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းကလည်း မဆိုးပါဘူး။ အိမ်ကွင်းလည်း ဖြစ်နေတယ်။ စပါးအနိုင်ရဖို့ ရှိနေပေမယ့် ဂိုးတော့ မပြတ်ဘူး။
အာဆင်နယ်-ဘုန်းမောက် (၂၉-၁၂-၁၅) နံနက် ဝဝးဝဝ
အခုနောက်ပိုင်းမှာ ဘုန်းမောက်ရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်မှုရှိတယ်လို့ ဆိုပါတယ်။ ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့သလို ငါးပွဲ ဆက်တိုက် အရှုံးမရှိခဲ့ပါဘူး။ ဒါပေမယ့် အီဗရိတ်မှာတော့ အာဆင်နယ်ကို တုံ့ပြန်ဖို့ ခက်ခဲပါလိမ့်မယ်။ အာဆင်နယ် ကပ်ပြီး အနိုင်ရမှာပါ။
မန်ယူ-ချယ်လ်ဆီး (၂၉-၁၂-၁၅) နံနက် ဝဝးဝဝ
ပွဲကြီးတစ်ပွဲပါ။ မန်ယူဟာ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်း အားနည်းနေတယ် ဆိုပေမယ့် ဒီအိမ်ကွင်းပွဲမှာ အားစိုက်လာပါလိမ့်မယ်။ ချယ်လ်ဆီးကလည်း မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ ပြီးတဲ့နောက်မှာ ကစားပုံ ပြန်လည်ကောင်းမွန်လာလို့ မန်ယူရဲ့ အိမ်ကွင်းအားကို တုံ့ပြန်နိုင်မှာပါ။ သရေကျသွားဖို့ များပါတယ်။
ဝက်စ်ဟမ်း-ဆောက်သမ်တန် (၂၉-၁၂-၁၅) နံနက် ဝဝးဝဝ
စပါးကို ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီပွဲစဉ်မှာ ဆောက်သမ်တန်ရဲ့ ကစားပုံမဆိုးပါဘူး။ ဒုတိယပိုင်းမှာ စပါးကို အကောင်းဆုံးဖိကစားနိုင်ခဲ့တာတွေ့ရပါတယ်။ ရလဒ်တွေတောက်လျှောက်ဆိုးနေလို့ အားစိုက်ကစားလာမှာလည်း သေချာနေတယ်။ ဝက်စ်ဟမ်းကွင်းဖြစ် ပေမယ့် ဆောက်သမ်တန်သရေလောက်ရမှာပါ။
လက်စတာ-မန်စီးတီး နံနက် ၂း၁၅(၃ဝ-၁၂-၁၅)
လက်ရှိအချိန်မှာ လက်စတာရဲ့ခြေစွမ်းပိုင်း ကောင်းမွန်နေပေမယ့် ပွဲစဉ်(၁၈)မှာ လီဗာပူးနဲ့ကစားပြီး ဒီပွဲကိုဆက်ရင်ဆိုင်မှာဖြစ်လို့ လက်စတာရဲ့ လူအင်အား အရ ပွဲပိုပန်းနေနိုင်ပါတယ်။ မန်စီးတီးကတော့ ချန်ပီယံ ဆုကို စိန်ခေါ်နိုင်ဖို့အတွက် နိုင်ပွဲရအောင်အထူး အားစိုက်ကစားမှာပါ။ မန်စီးတီးပဲနိုင်ရမယ်။
ဆန်းဒါးလန်း-လီဗာပူး နံနက် ၂း၁၅ (၃၁-၁၂-၁၅)
လီဗာပူးက လက်စတာနဲ့ကစားပြီး ဒီပွဲကိုဆက်တိုက် နီးပါးကစားရမှာပါ။ အခုချိန်မှာလည်း လီဗာပူးရဲ့ ခြေစွမ်းက ထင်သလောက်တည်ငြိမ်မှုမရှိပါဘူး။ ဒါပေမယ့် လီဗာပူးက အမှတ်လိုအပ်နေသလို ဆန်းဒါးလန်းကလည်း ခြေစွမ်းပိုင်းအတော်လေး အားနည်းနေပါတယ်။ လီဗာပူးပဲ နိုင်ပွဲရမှာပါ။
ရှိုင်းမင်းမင်း
Credit : The Mirror
No comments:
Post a Comment