၂၀၁၅ ခုနှစ်အတွင်း ဥရောပထိပ်သီးအသင်းတွေမှာ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ကြတဲ့ တိုက်စစ်မှူး ဆယ်ဦးကို ဖော်ပြပေးထားပါတယ်။လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားက ဘယ်သူလဲလို့ မေးလိုက်ရင်တော့ လက်စတာကစားမား ဗာဒီကိုသာ ပြေးမြင်ကြမှာပါ။ ဒါပေမယ့် ၂၀၁၅ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးက ဗာဒီတစ်ယောက်တည်း မဟုတ်ပါဘူး။
ဒါ့အပြင် ဂိုးသွင်းအများဆုံး ဥရောပက ကစားသမား ဆယ်ဦးစာရင်းထဲမှာ ပရီးမီးယားလိဂ်က ကစားသမား တစ်ဦးတည်း ပါဝင်ထားပါတယ်။ အခု နာမည်ကြီးနေတဲ့ ဗာဒီက နောက်ဆုံး စာရင်းမှာပဲ ပါဝင်ထားတာပါ။
၁။ ဂိုးသွင်းအများဆုံးက ရော်နယ်ဒိုပါ။ ၂၀၁၅ မှာ ၃၇ ဂိုးသွင်းခဲ့တာပါ။
၂။ နောက်တစ်ယောက်ကတော့ ရော်နယ်ဒိုရဲ့ ပြိုင်ဘက်မက်ဆီဖြစ်ပါတယ်။ မက်ဆီက ၃၄ ဂိုးသွင်းခဲ့ပါတယ်။
၃။ နောက်တစ်ယောက်လည်း ဘာစီလိုနာ ကစားသမား ဆွာရက်ဇ်ဖြစ်ပါတယ်။ ၂၀၁၅ မှာ ဆွာရက်ဇ်က ဂိုး ၃၀ သွင်းခဲ့တာပါ။
၎။ မနှစ်ကရာသီမှာ ဒေါ့မွန်အတွက် အတော်လေး တောက်ပခဲ့တဲ့ ကစားသမား အော်ဘာမီယန်ပါ။ ၂၉ ဂိုး သွင်းခဲ့ပါတယ်။
၅။ နံပတ် -၅ နေရာမှာတော့ ဟီဂူအင် ရှိနေပါတယ်။ ဟီဂူအင်က ၂၇ ဂိုးသွင်းခဲ့တာပါ။
၆။ ဂိုးသွင်းအများဆုံး ဆယ်ဦးထဲမှာ တစ်ဦးတည်းသော ပရီးမီးယားလိဂ် ကစားသမားပါ။ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းက ၂၀၁၅ မှာ ၂၇ ဂိုးသွင်းခဲ့ပါတယ်။
၇။ ပီအက်စ်ဂျီအသင်းရဲ့ မရှိမဖြစ်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချက်တော့ ၂၆ ဂိုးပါ။
၈။ ဘိုင်ယန်မြူးနစ်အတွက် ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ လီဝမ်ဒေါစကီးကတော့ ၂၅ ၈ိုးသွင်းခဲ့ပါတယ်။
၉။ ဘာစီလိုနာ ကစားသမား နေမာကလည်း ၂၀၁၅ မှာပဲ အသင်းအတွက် ၂၅ ဂိုးသွင်းခဲ့သူပါ။
၁၀။ နောက်ဆုံး တစ်ယောက်ကတော့ အသလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းဖြစ်ပြီး သူလည်း ၂၅ ဂိုးသွင်းယူခဲ့သူပါ။
Credit – Duwun
No comments:
Post a Comment