ဘာစီလိုနာအသင်းနှင့် ဘရာဇီးလက်ရွေးစင် အသင်းတို့၏ အားထားရသည့် တိုက်စစ်မှူးနေမာသည် ဘာစီလိုနာ ကစားဖော်မက်ဆီ၊ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး စီရိုနယ်လ်ဒို တို့ကဲ့သို့ တစ်ချိန်ချိန်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မည်မှာ မလွဲမသွေဖြစ်ကြောင်း တိုက်စစ်မှူး အီတူးက ထုတ်ဖော် ပြောကြားလိုက်သည်။
တိုက်စစ်မှူးနေမာ၊ တိုက်စစ်မှူးမက်ဆီနှင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုတို့သည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ရွေးချယ်ခံထားရပြီး မက်ဆီနှင့် စီရိုနယ်လ်ဒိုမှာ လွန်ခဲ့သည့် ခုနစ်နှစ်တာ ကာလကတည်းက အဆိုပါဆုအတွက် အမည်စာရင်း ဖော်ပြခံခဲ့ရသော်လည်း နေမာမှာမူ ယခုနှစ်မှသာ အမည်စာရင်း ဖော်ပြခံခဲ့ရသူဖြစ်သည်။
တိုက်စစ်မှူးနေမာသည် လက်ရှိတွင် မက်ဆီနှင့် စီရိုနယ်လ်ဒိုတို့ကို မကျော်နိုင်သေး သော်လည်း မက်ဆီနှင့် စီရိုနယ်လ်ဒိုတို့ တစ်ခေတ်ကုန်ပါက တိုက်စစ်မှူး နေမာ၏ခေတ် ရောက်လာလိမ့်မည် ဖြစ်ကြောင်း တိုက်စစ်မှူး အီတူးက ပြောကြားခဲ့သည်။ တိုက်စစ်မှူးအီတူးသည် ဘာစီလိုနာအသင်းတွင် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ကစားခဲ့သူ ဖြစ်သည်။
No comments:
Post a Comment